
ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၃ ဦး အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။
ကွမ်းလုံမြို့ ၀န်ထမ်းရပ်ကွက် သိန္နီ-ချင်းရွှေဟော်သွားတဲ့လမ်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။
“မနေ့က ၂ နာရီ ၄၅ မိနစ်မှာ ဖြစ်တာ။ ကွမ်းလုံမြို့ ၀န်ထမ်းရပ်ကွက် သိန္နီ-ချင်းရွှေဟော်သွားတဲ့လမ်းမှာ ဖြစ်တာ။ ၃ ဦးသေတယ်၊ ၂ ဦး ဒဏ်ရာရတယ်။ တပ်ကတော့ ၁ ယောက်ပါတယ်။”
ပေါက်ကွဲမှုကြောင့် အေးရှာဝေါလ်ကုမ္ပဏီရဲ့ မြေတူးစက်တစီးလည်း ပျက်စီးသွားခဲ့ တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မည်သူ မည်ဝါ ဖောက်ခွဲတယ်ဆိုတာ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်











