DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီး ရဲကင်းစခန်းကို PDF ဝင်ရောက်စီးနင်း
DVB
·
September 12, 2021
သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီး ရဲကင်းစခန်းကို PDF ဝင်ရောက်စီးနင်း
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က သဲချောင်းကြီးရဲကင်းစခန်းကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီရဲကင်းစခန်းဟာ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်တပ်စွဲချိန်မှာ အဓိက အသုံးပြုတဲ့နေရာ ဖြစ်တာကြောင့် ဝင်ရောက်ရှာဖွေရတာလို့ ထုတ်ပြန်ထားပါတယ်။

ရဲကင်းစခန်းကို စက်တင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က  ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြိုတင်တိမ်းရှောင်သွားတဲ့အတွက်ကြောင့် စခန်းက ရဲမှတ်တမ်း‌တွေသာ  သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲကင်းစခန်း ဝင်‌ရောက်စီးနင်းပြီးနောက် ရွာအတွင်းက စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်တပ်သတင်းပေးနှစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၁ ရက် ညပိုင်းမှာတော့ တောင်ပျောက်တိုက်နယ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာခဲ့ပေမယ့် အပြန်အလှန် ပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ ဒေသတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013