DVB Logo
Home
မြန်မာသတင်း
ဂဠုန်တပ်တော်ကို အရာရှိစစ်သည် အင်အား ၅၀၀ ကျော်ဖြင့် ပြင်ဆင်ဖွဲ့စည်း
DVB
·
September 12, 2021
ဂဠုန်တပ်တော်ကို အရာရှိစစ်သည် အင်အား ၅၀၀ ကျော်ဖြင့် ပြင်ဆင်ဖွဲ့စည်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUGက နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာပြီးနောက်မှာ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကို  အရာရှိစစ်သည် အင်အား ၅၁၇ ဦးနဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

တပ်ဖွဲ့မှာ အရာရှိ ၁၇ ဦးပါဝင်ပြီး တပ်သားနဲ့အရန် အင်အား ၅၀၀ ပါဝင်ဖွဲ့စည်းထားကာ မြို့နယ်လုံးအတိုင်းအတာနဲ့ တော်လှန်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဩဂုတ် ၅ ရက် ဂဠုန်တပ်တော်ဖွဲ့စည်းခဲ့ချိန်ကစပြီး စစ်တင်ဘာ ၁၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားကာ စစ်တပ်က ၁၀၀ ကျော်သေဆုံးတယ်လို့ ဂဠုန်တပ်ပြန်ကြားနေတာဝန်ခံက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ဂဠုန်တပ်တော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိခိုက်ပျက်စီးစေမှာမဟုတ်ဘဲ မိုင်းပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ကြားပါက ဆန့်ကျင်ရာ အရပ်တွေမှာ လုံခြုံစိတ်ချရတဲ့အထိ ရှောင်ရှားနေကြဖို့၊ စစ်ကောင်စီ စစ်ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ဖို့ အရောတဝင်မနေကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါအပြင် တပ်တော်ရဲ့ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ စစ်တပ်လှုပ်ရှားတဲ့အခြေအနေကို သတင်းပေးဖို့ ဖော်ပြထားပြီး ကိုယ်ပိုင်ငွေ၊အလှုငွေတွေနဲ့ ရပ်တည် လှုပ်ရှားခဲ့ပေမဲ့ အခုအခါမှာတော့ စစ်ရေးအခင်းအကျင်းအတွက် လိုအပ်တဲ့ လက်နက် ဝယ်ဖို့ နဲ့ တိုးလာတဲ့ တပ်သားတွေ အသုံးစရိတ်  လိုအပ်ချက်များ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013