DVB Logo
Home
မြန်မာသတင်း
မန္တလေး ပဲဈေးကွက်တွင် ပဲကြီးဈေးနှစ်ဆအထိ စံချိန်တင်မြင့်တက်
DVB
·
September 12, 2021
မန္တလေး ပဲဈေးကွက်တွင် ပဲကြီးဈေးနှစ်ဆအထိ စံချိန်တင်မြင့်တက်
Donate to DVB

မန္တလေးပဲဈေးကွက်မှာ ပဲကြီးကို တရုတ် အဝယ်များနေတာကြောင့် ပဲကြီးဈေးနှုန်းဟာ ၆ လ ကာလအတွင်းမှာ ဈေးနှုန်း နှစ်ဆအထိ မြင့်တက်နေတယ်လို့ မန္တလေးပွဲရုံတွေဆီက သိရပါတယ်။

မတ်လ ပေါ်ဦးပေါ်ဖျားအချိန်က မဲကြီး ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ် ၁ သိန်းလောက် ပေါက်ဈေးရှိခဲ့ပေမယ့် အခုချိန်မှာတော့ ငွေကျပ် ၂ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

တောင်သူတွေအတွက်ရော ပဲကြီး သိုလှောင်ထားတဲ့သူတွေအတွက်ပါ အမြတ်အစွန်းတွေရရှိတဲ့ အချိန်ဖြစ်တယ်လို့ မန္တလေးမြို့ ပဲမျိုးစုံ ရောင်းဝယ်ရေးပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပါတယ်။

“ပဲကြီးအနေအထားကတော့ တပေါင်းလ ပေါ်ဦးပေါ်ဖျားကာလမှာ ၃ တင်း ၁ အိတ်ကို ၁ သိန်းဈေးပဲပေါက်ခဲ့တယ်။ ဝယ်လိုအားကလည်းမြင့်တက်တယ်၊ ပြည်တွင်းပြည်ပက ဝယ်လက်တွေလည်း စုံနေတဲ့အတွက် အခုအချိန်မှာဆိုရင်ဈေးက ရာနှုန်းပြည့်မြင့်တက်လာပြီးတော့ ပဲကြီးက ၃ တင်း ၁ အိတ်ကို ၂ သိန်းဈေးထိ ပေါက်ပါတယ်။ အခုလိုမျိုးဈေး မြင့်တက်လာတဲ့အနေအထားကတော့ တကြိမ်တခါမှလည်း ပဲကြီး ၃ တင်း ၁ အိတ်ကို ၂ သိန်းထိ ပေါက်တယ်ဆိုတာ ကျနော်တို့ ပွဲရုံသက်တမ်းမှာ တခါမှ မတွေ့ကြုံခဲ့ဖူးပါဘူး။ အခု ဒီနှစ် ၂၀၂၁ မှာတော့ အင်မတန်မှ ထူးခြားတဲ့ တောင်သူတွေလည်း အကျိုးရှိမယ်၊ ပဲကြီးကို သိုလှောင်တဲ့သူတွေလည်းအမြတ်အစွန်းတွေ ရတယ်ပေါ့။”

စက်တင်ဘာ လလယ်လောက်က စတင်ကာ ပဲကြီးကို တရုတ်ဘက်က အဝယ်လိုက်လာပြီး ဈေးနှုန်းစတင်မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ ပဲကြီး လက်ကျန်နည်းနေတဲ့ အနေထားမှာရှိနေတယ်လို့ ဦးစိုးဝင်းမြင့်က ပြောပါတယ်။

“အဓိကကတော့ အိမ်နီးချင်းဖောက်သည်တွေဖြစ်တဲ့ တရုတ်ပြည်ရဲ့ ဝယ်လိုအားက ရုတ်တရက်မြင့်မားလာတယ်၊ ပဲကြီးက မြန်မာလူမျိုးတွေအနေနဲ့က ပဲတကာ့ပဲမှာ ပဲကြီးကို အဓိက ကြိုက်နှစ်သက်ပြီးတော့ စားသုံးတတ်တဲ့ပဲတမျိုးဖြစ်တယ်။ တရုတ်ဘက်က ရသလောက် ပဲကြီးတွေကို ဝယ်ယူလာတဲ့အတွက်ကြောင့် ပဲကြီးလက်ကျန်ကလည်း ခုချိန်မှာသိပ်မရှိတော့ဘူး။”

ပဲကြီးဟာ ဆောင်းသီးနှံဖြစ်ပြီး တစ်နှစ်မှာတစ်သီးသာ စိုက်ပျိုးလို့ရတဲ့ သီးနှံဖြစ်တယ်လို့ သိရပါတယ်။ 

သီတင်းကျွတ် လပြည့်ကျော် တန်ဆောင်မုန်းလမှာ ပဲကြီးစိုက်ပျိုးရပြီး တပေါင်းလမှာ ပဲကြီးရိတ်သိမ်းတဲ့လဖြစ်ပါတယ်။ အဓိကကတော့ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတွေမှာ စိုက်ပျိုးလေ့ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013