DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နေထိုင်သူများနေ့ မဲဆောက်တွင် ကျင်းပ
DVB
·
December 18, 2013
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နေထိုင်သူများနေ့ မဲဆောက်တွင် ကျင်းပ
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အဖြစ် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ မဲဆောက်ရောက် မြန်မာအလုပ်သမားတွေ လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြပြီး အလုပ်သမားအခွင့်အရေးအပါအ၀င် အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

မဲဆောက်အခြေစိုက် အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားရေး အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ကို ကျင်းပပြီး အခုလို တောင်းဆိုလိုက်တာပါ။

1တရားဝင်စက်ရုံအဖြစ် မှတ်ပုံမတင်ဘဲ အိမ်ရုံတွေလို့ သတ်မှတ်ထားတဲ့ စက်ရုံအသေးလေးတွေကနေ အလုပ်သမားမှတ်ပုံတင်မရှိတဲ့ တရားမ၀င် အလုပ်သမားတွေကို ခန့်အပ်ထားပြီး ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်နေမှု၊ အလုပ်ရှင် အလုပ်သမားကြား ဖိနှိပ်ဆက်ဆံမှု၊ အသက် ၇ နှစ်အောက် ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။

မဲဆောက်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက် ၄ ချက်ကို မဲဆောက်မြို့ပိုင်ကို ပေးအပ်ပြီးနောက် မြို့ပိုင်ရုံးကနေ အခမ်းအနားကျင်းပရာ ခန်းမဆီကို ရွှေ့ပြောင်း မြန်မာအလုပ်သမားနဲ့ မိသားစုဝင်တွေ အင်အားပြ လမ်းလျှောက်ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

မဲဆောက်မြို့က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ် တောင်းဆိုချက် ၄ ချက်ကို မြို့ပိုင်ကတဆင့် တာ့ခ်ခရိုင်ဝန်ထံ တင်ပေးမှာ ဖြစ်ပြီး ခရိုင်ဝန်က အလုပ်သမားဝန်ကြီးထံကို ဆက်လက် တင်ပြပေးမယ်လို့ ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားရေးပံ့ပိုးမှုကွန်ရက်အဖွဲ့ဝင် ကိုဗညားက အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခြေအနေတွေ အခုချိန်ထိ မတိုးတက်လာသေးဘူးလို့ ပြောပါတယ်။

“လုပ်ငန်းခွင်တခုချင်းစီမှာ သူတို့တွေရဲ့ နေ့တဓူဝ ဘ၀တွေ၊ လုပ်ငန်းခွင် အခြေအနေတွေ ဘာမှ တိုးတက်ကောင်းမွန်တာ မရှိသလို ထိုင်းအစိုးရအနေနဲ့ ဒီဟာကိုလည်း ပတ်စပို့ရှိလို့၊ ၀ပ်ပါမစ်ရှိလို့ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေ ပေးပါလို့ ဆော်သြသော်ငြားလည်း တကယ်လုပ်ငန်းရှင်တွေကြားမှာ ဒီဟာကို ဘာမှ ထူးခြားပြောတာ မရှိသလို အစိုးရကလည်း ထိထိရောက်ရောက် လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေက ဒီဟာကို သိပ်ပြီး ဂရုမစိုက်ဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းခွင်အခြေအနေ မကောင်းဘူး၊ မတိုးတက်လာဘူး။ ငွေရေးကြေးရေး ရရှိမှု အခြေအနေကလည်း ဘာမှ ထူးထူးခြားခြား မရှိလာဘူး” လို့ ပြောပါတယ်။


လမ်းလျှောက်ရာမှာပါဝင်တဲ့ မြန်အလုပ်သမားတဦးက မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးလို့ ထိုင်းမှာ လာပြီး လုပ်စားရတာလို့ ပြောပါတယ်။

“ဗမာပြည်မှာ အလုပ်က နွေတလုပ်၊ မိုးတလုပ်ပဲ ရှိတယ်။ အဲဒါကြောင့် ကျနော့်မှာ နေစရာ ခြံမရှိ၊ အိမ်မရှိဆိုတော့ ဒီနိုင်ငံ တက်လုပ်မှသာ နည်းနည်းလေး နေစရာအိမ်ခြံ ရမယ် အောက်မေ့လို့ ဒီနိုင်ငံကို လာလုပ်ခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သိန်းဝန်းကျင် ရှိနေပြီး တရားဝင် အလုပ်သမား လက်မှတ်နဲ့ ယာယီပတ်စပို့ ကိုင်ဆောင်ထားသူပေါင်း ၂ သိန်းဝန်းကျင် ရှိတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ရေးအဖွဲ့တွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ၂၀၀၀ ပြည့်နှစ်မှာ စတင် သတ်မှတ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013