DVB Logo
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က ၄ လအတွင်း တော်လှန်ရေးအတွက် သိန်း ၅၆၀ ကျော် လှူဒါန်းနိုင်ခဲ့
DVB
·
September 11, 2021
နွေဦးတက္ကသိုလ်က ၄ လအတွင်း တော်လှန်ရေးအတွက် သိန်း ၅၆၀ ကျော် လှူဒါန်းနိုင်ခဲ့
Donate to DVB

စစ်အာဏာရှင် လက်အောက်မှာ ပညာမသင်ကြားလိုတဲ့ ကျောင်းသားလူငယ်​တွေရဲ့ ပညာရေး ရပ်တန့်မသွားစေဖို့နဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်တဲ့ နွေဦးတက္ကသိုလ်အဖွဲ့ဟာ မေလ မှ ဩဂုတ်လအထိ ၄ လအတွင်း တော်လှန်ရေး အတွက် လိုအပ်တဲ့ နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံကို သိန်း ၅၆၀ ကျော်လှူဒါန်းနိုင်ခဲ့ပါတယ်။

CDM ဝန်ထမ်း ၈၂၆ ယောက်ကို သိန်း ၃၃၀ ကျော်၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အိမ်ထောင်စုပေါင်း ၂၀၄ စု ကို သိန်း ၂၂၀ ကျော်၊ ကိုဗစ် ၁၉ ရောဂါခံစားနေရတဲ့ လူနာ ၁၂၅ ယောက်ကို သိန်း ၅၀၊ သိပ္ပံ Hub နဲ့ ပူးပေါင်းကာ ဆရာ/မပေါင်း ၂၂၀ ယောက်ရဲ့ အခမဲ့ Training အတွက် ၃၅ သိန်း၊ နွေဦးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့  ကျောင်းသား/သူ ၁၃ ယောက်ကို IELTS, TOEFL, Duolingo တို့အတွက် Exam Fees Scholarship သိန်း ၃၀ စတာတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီ အလှူငွေတွေဟာ နွေဦးတက္ကသိုလ်မှာ  ပညာသင်ကြားခဲ့သူ​တွေ၊ လက်ရှိသင်ကြားနေတဲ့ ကျောင်းသားလူငယ်တွေနဲ့  ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေကနေ ရရှိခဲ့တာလို့ သိရပါတယ်။

​နွေဦးတက္ကသိုလ်ကို မေလမှ စတင်ကာ ကျောင်းခွဲ ၉ နဲ့  စနစ်တကျ ဖွဲ့စည်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013