DVB Logo
Home
Lead Story
မြန်မာ-ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ
DVB
·
December 18, 2013
မြန်မာ-ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ
Donate to DVB

လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့ ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆိုပါတယ်။

myanmarvisaမြန်မာအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာ ကြိုတင် လျှောက်ထားစရာ မလိုပဲ အပြန်အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေဟာ ဖနွမ်းပင် ဒါမှမဟုတ် ဆီရမ်ရိလေဆိပ်မှာ ၁၄ ရက် ဗီဇာရမှာ ဖြစ်ပြီး ဗီဇာကြေးလည်း ပေးစရာ မလိုပါဘူး။ အလားတူ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း မြန်မာနိုင်ငံကို လာတဲ့အခါ ဗီဇာကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

အလားတူ လာအို၊ ဗီယက်နမ်နိုင်ငံတွေနဲ့လည်း လက်မှတ်ရေးထိုးထားပြီး ဘယ်အချိန် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ရမလဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

ထိုင်းနဲ့လည်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးဖို့ လက်မှတ်ထိုးဖို့ ရှိပေမယ့် ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် နှောင့်နှေးနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013