DVB Logo
Home
မြန်မာသတင်း
တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကို ကျေးဇူးတင်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
DVB
·
September 10, 2021
တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကို ကျေးဇူးတင်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
Donate to DVB

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ဆေးပစ္စည်းတွေ ကမ္ဘောဒီးယားနိုင်ငံမှ အထူးလေယာဉ်တွေနဲ့ ပို့ဆောင်လှူဒါန်းပေးမှုနဲ့ နယ်စပ်ကတစ်ဆင့်တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေတဲ့  တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ 

စက်တင်ဘာ ၉ ရက်က အွန်လိုင်းကနေ ကျင်းပတဲ့ သတ္တမအကြိမ် GMS မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) မှာ ပြောကြားခဲ့တာပါ။

အနာဂတ်မှာ GMS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အတွက် လမ်းပြမြေပုံအဖြစ် ဖော်ဆောင်ပေးမယ့် ထိပ်သီး အစည်းအဝေးမှာ အတည်ပြုထုတ်ပြန်မယ့်  GMS စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ ကို ကြိုဆိုပါကြောင်း၊ GMS ကိုဗစ်-၁၉ တုံ့ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေး စီမံချက်(၂၀၂၁-၂၀၂၃)ကို မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုပါကြောင်းပြောပါတယ်။

ဒေသတွင်းကုန်ထုတ်ပစ္စည်းတွေ ထုတ်လုပ်တင်ပို့နိုင်ဖို့နဲ့  ဖွံ့ဖြိုးမှုအတွက် GMS အစီအစဉ်အရ ဆောင်ရွက်နေတဲ့  စီးပွားရေးစင်္ကြံတွေဟာ  အလွန် အရေးပါကြောင်းနဲ့  ဒီအထဲက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းဟာ မြန်မာ နိုင်ငံအတွက်အလွန်အရေးပါသည့် လမ်းကြောင်းကြောင်း၊ ဗီယက်နမ်(ဒါနန်း) မှ ရန်ကုန်(သီလဝါ)အထိ ဆက်သွယ်ထားတဲ့ အဆိုပါစင်္ကြံဟာ မဟာမဲခေါင် ဒေသခွဲ နိုင်ငံတွေအတွင်း ချိတ်ဆက်မှုအားကောင်းစေပြီး ကုန်သွယ်မှုပိုမို အဆင်ပြေချောမွေ့ စေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်က သွေဖီမသွားစေရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ် ဆောင်ရွက်နေကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်း စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပြောသွားပါတယ်။

အဆိုပါအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေက ခေါင်းဆောင်တွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေက  ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနဲ့  ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။'

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013