
အမေရိကန်က မေ ၃၁ ရက်မှာ အီရန်ရဲ့ ဂိုးရွတ်ခ်နဲ့ ကက်ရှမ် ကျွန်းတွေပေါ်က အီရန် ရေဒါနဲ့ ဒရုန်းထိန်းချုပ်ရေးဌာနတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်အစိုးရရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို တုံ့ပြန်တာလို့လည်း ဆိုပါတယ်။
အီရန်ဟာ နိုင်ငံတကာရေပြင်ပေါ်မှာရှိနေတဲ့ အမေရိကန်ရဲ့ MQ-1 ဒရုန်းတစင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့တာပါ။
အမေရိကန်တိုက်လေယာဉ်တွေက အီရန်လေကြောင်းကာကွယ်ရေး၊ မြေပြင်ထိန်းချုပ်ရေး စခန်းတခုနဲ့ တလမ်းသွား တိုက်ခိုက်ရေးဒရုန်း ၂ စင်းကို ဖယ်ရှား တုံ့ပြန်ခဲ့တယ်လို့ CENTCOM က ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ အမေရိကန် စစ်ဘက်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်။
နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က အပြန်အလှန် တိုက်ခိုက်ခဲ့ပါသေးတယ်။ အမေရိကန်စစ်တပ်က ဟော်မုဇ် ရေလက်ကြားနားက အီရန်ဒရုန်းစစ်ဆင်ရေးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အီရန်က အမေရိကန် လေတပ်စခန်းတခုကို ပစ်မှတ်ထားခဲ့တယ်လို့ အမေရိကန်အစိုးရ အရာရှိတယောက်က ပြောခဲ့ပါတယ်။
Source: Reuters











