DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မိုင်းနင်းခိုင်းပြီး အသတ်ခံခဲ့ရသူ ၃ ဦးအပါအဝင် ကျဆုံးပြည်သူ အယောက် ၁၀၆၀ နီးပါးရှိလာ
DVB
·
September 10, 2021
စစ်တပ်က မိုင်းနင်းခိုင်းပြီး အသတ်ခံခဲ့ရသူ ၃ ဦးအပါအဝင် ကျဆုံးပြည်သူ အယောက် ၁၀၆၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၅၈ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၉၉၂ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၃၄၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒိန်းကွင်းကျေးရွာက ဒေသခံတောင်သူ ၃ ယောက်ဖြစ်ကြတဲ့ ဦးညိုသန်း၊ ဦးစိုးနိုင်ဝင်းနဲ့ ဦးမင်းမင်းတို့ကို အကြမ်းဖက်စစ်အုပ်စု တပ် သားတွေက ဩဂုတ် ၂၇ ရက်နေ့မှာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် မိုင်းပေါ်တက်နင်းခိုင်းပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်စစ်တပ်က ဩဂုတ် ၃၀ ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့တဲ့ မန္တ လေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီထောက်ခံသူတယောက်ဖြစ်တဲ့ ဦးမိုးကို စစ်တပ်က စက်တင်ဘာ ၈ ရက်ညအချိန်က  ရွာကို ပြန်လည်ခေါ်ဆောင်လာကာ ဘုရားလှကျေးရွာထိပ်မှာ ဦးခေါင်း နဲ့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့ နယ်က လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်မျိုးသူကို အကြမ်းဖက်စစ်အုပ်စုက လူနာတင်ယာဉ်ကို အသုံးပြုကာ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က နေ အိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013