Home
မြန်မာသတင်း
မီးပုံးပျံကြောင့် အင်းလေး ဟူပင်ဟိုတယ် မီးလောင်
DVB
·
December 18, 2013
HUPIN HOTEL
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ကမ်းက ခေါင်တိုင်ရွာက ဟူပင် ဟိုတယ်ပေါ်ကို မီးပုံးပျံပေါ်က မီးကျည်တွေ ကျတဲ့အတွက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီခွဲကနေ စတင်ပြီး တနာရီနီးပါးလောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ရေပေါ်မှာ တည်ဆောက်ထားတဲ့ ဘန်ဂလို ၁၈ လုံး မီးလောင်သွားတာဖြစ်တယ်လို့ ခေါင်တိုင် ဟူပင် ဟိုတယ်က ၀န်ထမ်းတဦးက ပြောပါတယ်။ [caption id="attachment_48676" align="alignright" width="300"]ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ် ဟူပင် ဟော်တယ် ဘန်ဂလိုများအား တွေ့မြင်ရစဉ်[/caption]ခေါင်တိုင်ကျေးရွာက ဘုရားပွဲအထိမ်းအမှတ်လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေကနေ ကျတဲ့ မီးပွားတွေကြောင့် အခုလို မီးလောင်သွားတာဖြစ်ပါတယ်။ ဟိုတယ် ၀န်ထမ်း တဦးက “၁၆ ရက်နေ့မှာ သူတို့ရွာမှာ ပွဲရှိတယ်။ ပွဲကနေ မီးပုံးပျံ လွှတ်တင်လိုက်တာ မီးကျဉ်တွေကျပြီး လောင်သွားတာပါ”လို့ ပြောပါတယ်။ ဘန်ဂလိုတွေဟာ ၀ါးကပ်၊ ထရံများဖြင့် ဆောက်လုပ်ထားတာ ဖြစ်သလို မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်သေဆုံးမှုမရှိသလို လောင်ကျွမ်းတဲ့ ဘန်ဂလိုတွေမှာ တည်းခိုတဲ့ဧည်သည်တွေ မရှိဘူးလို့လည်း ဆိုပါတယ်။ မီးလောင်မှုကို ညောင်ရွှေ၊ ရွှေညောင်၊ အေးသာယာ၊ တောင်ကြီးမြို့တွေက မီးသတ်ကားတွေက လာရောက်ပြီး မီးငြိမ်းသတ်တာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ ဟိုတယ်ဟာ တရုတ်ပိုင်ဖြစ်ပြီး မီးလောင်မှုနဲ့ပတ်သက်လို့ မီးပုံးပျံလွှတ်တဲ့ ရွာသားတွေကို သက်ဆိုင်တာက အရေးယူတာမျိုးတော့ မရှိပါဘူး။ အင်းလေးကန်မှာ အစိုးရက ဟိုတယ်သစ်များ ဖွင့်လှစ်နိုင်ဖို့ အတွက် ဟိုတယ်ဇုန်စီမံကိန်း တခုကို ဖန်တီးပေးခဲ့သလို အဲဒီစီမံကိန်းကြောင့် ဒေသခံတွေနဲ့ အစိုးရအာဏာပိုင်တွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024