DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်
DVB
·
December 17, 2013
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်
Donate to DVB

လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

Staff sell copies of Myanmar's constitution at the Lower House of Parliament in Naypyitawလွှတ်တော်ဖွဲ့စည်းပုံ ပူးပေါင်းကော်မတီထံ အသင်းအဖွဲ့အသီးသီးနဲ့ ပါတီတွေထံက အကြံပြုစာပေါင်း ၂၀၀၀ ကျော် ရောက်ရှိနေပြီး ဒီထဲ ဖွဲ့စည်းပုံအခန်း ၁ နိုင်ငံတော်အခြေခံမူများ အခန်းကို ပြင်ဆင်ဖို့ အကြံပြုစာပေါင်းက ၆၀၀ လောက်နဲ့ အများဆုံးပဲလို့ ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ကော်မတီထံ အကြံပြုစာပေးပို့ရမယ့် နောက်ဆုံးရက်ဟာ ဒီဇင်ဘာ ၃၁ ရက်ဖြစ်ပြီး အရေးပါတဲ့ အာဏာရပါတီ၊ အတိုက်အခံပါတီနဲ့ တပ်မတော်တို့ထံက အကြံပြုစာတွေ ရောက်မလာသေးဘူးလို့ သိရပါတယ်။

လာမယ့် န၀မ အကြိမ်မြောက် လွှတ်တော်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယပတ်အတွင်း ပြန်လည်ကျင်းပဖို့ ရှိပါတယ်။ ဒီတကြိမ်လွှတ်တော်မှာ ကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခြင်း၊ လွှတ်တော်က ဆွေးနွေးခြင်းတို့ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013