DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ကို သရေစာအဖြစ်ရောင်းချ
DVB
·
September 9, 2021
ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ကို သရေစာအဖြစ်ရောင်းချ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ တရန်းမြို့၊ ထပ်ထိန့်ရပ်ကွက်က ဆိုင်တစ်ဆိုင်မှာဆိုရင် ဘိန်းစာရွက်ကို အရသာ အမျိုးမျိုးနဲ့ ဖျော်ရည်အဖြစ်လည်းကောင်း ၊ အချဉ်ရေနဲ့ တို့စားရတဲ့ ဘိန်းစာရွက်ကြော် အဖြစ်လည်းကောင်း သရေစာအဖြစ်ရောင်းချနေတယ်လို့ ထိုင်းရတ်တီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံမှာ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအုပ်စုဝင်အဖြစ်မှ ပယ်ဖျက်ကြောင်း ဒီနှစ် ဇွန်လ ၁ ရက်နေ့မှာ သက်ဆိုင်ရာက ကြေညာ ပြီးတဲ့နောက်ပိုင်း လွတ်လပ်စွာ သုံးစွဲလာကြပါတယ်။

ဆိုင်ရဲ့အမည်မှာ မန်းနီးမားန (ငွေတွေလာပါလို့အဓိပ္ပါယ်ရ)ဖြစ်ပြီး ဆိုင်ရှင်ဖြစ်သူမှာ ယခင်က အရက်ဆိုင်ဖွင့်ကြောင်း၊ သူတို့ဆီမှာ ကိုဗစ်-၁၉ ရောဂါကူးစက်လာတဲ့နောက် ရောင်းမကောင်းဘဲ ဆိုင်ပါပိတ်ထားရလို့ စီးပွားရေးကျနေကြောင်း၊ ဘိန်းစာရွက်ကို အစိုးရက လွတ်လပ်ခွင့်ပေး လိုက်တဲ့နောက်မှာ ဘိန်းစာရွက်ကို အရသာအမျိုးမျိုးနဲ့ ရောစပ်ရောင်းချဖို့ စိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။

ဘိန်းစာရွက်ဖျော်ရည်မှာ ပူရှိန်း၊ ချိုချဉ်၊ ချိုပေါ့၊ ချိုဆိမ့်စတဲ့အရသာ ၄ မျိုးရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ထူးခြားဆန်းသစ်စွာဖွင့်ထားတဲ့ဆိုင်မို့ လာရောက်မြည်းစမ်းသူတွေနဲ့ စည်ကားလို့နေတယ်လို့ ထိုင်းရတ်တီဗွီသတင်းမှာ စက်တင်ဘာ ၈ ရက်နေ့က ထုတ်လွှင့်သွားပါတယ်။ 

ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအဆင့် ၅ အဖြစ်က ထုတ်ပယ်လိုက်တဲ့နောက် ယခင်က ဘိန်းစာရွက် လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်မှု၊ သုံးစွဲမှုတွေကြောင့် ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသားပေါင်း ၁၀၃၈ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာကာ လက်ရှိမပြီးပြတ်သေးတဲ့ အမှုပေါင်း ၁၀၀၀၀ ကျော်မှာလည်း အမှုရုပ်သိမ်းပြီးဆုံးသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ဒါပေမဲ့လည်း  မူးယစ်ဆေးဝါးဖော်ထုတ်ရာမှာ အသုံးမပြုရ၊ ၁၈ နှစ်အောက်ကလေးများ ဘိန်းစာရွက်အရောင်းအဝယ်မလုပ်ရ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကဲ့သို့ နေရာမျိုးတွေမှာ ရောင်းချခြင်းမပြုရ စတဲ့ ကန့်သတ်ချက်တွေအပြင် နိုင်ငံခြားကို တင်ပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ သွင်းကုန်ထုတ်ကုန်ဆိုင်ရာ စည်းကမ်းချက်တွေလိုက်နာရမယ်လို့ Work Point News သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013