DVB Logo
Home
Lead Story
ပဲမျိုးစုံ လေပတ်ကား ရောင်းဝယ်မှု တားမြစ်
DVB
·
December 17, 2013
ပဲမျိုးစုံ လေပတ်ကား ရောင်းဝယ်မှု တားမြစ်
Donate to DVB

ပဲမျိုးစုံ ရောင်းဝယ်ရေးမှာ လေပတ်ကား ရောင်းဝယ်နေတာတွေကြောင့် ဈေးနှုန်း မတည်မငြိမ် ဖြစ်ပြီး ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့တာတွေကို တားဆီးဖို့ တိုက်ရိုက် စာချုပ်တွေနဲ့ ပဲ အရောင်းအ၀ယ် လုပ်ကြဖို့ဘုရင့်နောင် ကုန်စည်ဒိုင်က စည်းကမ်း သတ်မှတ်ချက် ထုတ်လိုက်ပါတယ်။

[caption id="attachment_48640" align="alignright" width="300"]နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ[/caption]ဒီ စည်းကမ်းချက်အရ ပဲအရောင်းအ၀ယ် လုပ်ရာမှာ D.O လို့ အတိုကောက်ခေါ်တဲ့ Delivery Order တွေနဲ့ လက်ပြောင်းလက်လွှဲရောင်းချတာမျိုး တရားဝင်တော့မှာ မဟုတ်ပဲ တိုက်ရိုက်စာချုပ်ချုပ် ရောင်းဝယ်ကာ၊ စာချုပ်ချုပ်တဲ့နေ့ထက် ရက်ပေါင်း ၃၀ မကျော်လွန်ဘဲ သင်္ဘောတင်တာနဲ့ ကုန်ပစ္စည်း ထုတ်ယူတာ လုပ်ရမယ်လို့ ဆိုပါတယ်။

အဲဒီ စည်းကမ်းချက်တွေကို မလိုက်နာတဲ့ ပဲကုန်သည်တွေ လေပတ်ကား (လေရောင်းလေ၀ယ်) ရောင်းဝယ်မှုလုပ်ရင် ပို့ကုန်ဈေးကွက် ပျက်ပြားအောင် ဆောင်ရွက်သူတွေအဖြစ် အဆင့်ဆင့် အရေးယူသွားမယ်လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံ ပဲဈေးကွက်မှာ လောင်းကစားဆန်တဲ့ လေပတ်ကား အရောင်းအ၀ယ် စနစ်ကြောင့် ငွေကြေး ကျပ် သိန်းပေါင်း ထောင်သောင်းချီ အလွဲသုံးမှုတွေ မကြာခဏ ဖြစ်ပေါ်ပြီး ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013