Home
မြန်မာသတင်း
ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမားစုရပ်ကို ထိုင်းရဲ ၀င်ရောက်ရှင်းလင်း
DVB
·
December 17, 2013
migrant worker in Thai2
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေ စုပြီး အလုပ်အကိုင် ရှာဖွေနေကျ နယ်မြေတခုကို ထိုင်းတာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်မှာ ၀င်ရောက် ရှင်းလင်းခဲ့ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ [caption id="attachment_48620" align="alignright" width="300"]migrant worker in Thai2 ဓာတ်ပုံ - manageronline[/caption] ချင်းမိုင်မြို့လယ် ချန့်ဖိုတ်ရပ်ကွက် ခမ်းထိန့်ဈေး လမ်းဆုံတ၀ိုက်မှာ နေ့စဉ် အလုပ်အကိုင် လာရောက် ရှာဖွေကြတဲ့ အလုပ်သမားပေါင်း ၂၀၀ ကျော်ကို ချင်းမိုင်ခရိုင် အမျိုးသား လုံခြုံရေးတပ်၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဒီနေ့ မနက်မှာ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က အဲဒီနေရာမှာ ရွှေ့ပြောင်းအလုပ်သမား အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားတာ၊ လောင်းကစားတာနဲ့ ပစ္စည်းပျောက်ရှတာ စတဲ့ ပြဿနာတွေ ရှိပြီး အနီးနား ပတ်ဝန်းကျင်က ပြည်သူတွေ အသက်အိုးအိမ် မလုံခြုံကြောင်း တိုင်ကြားတဲ့အတွက် လာရောက် စစ်ဆေးရှင်းလင်းရတာလို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ အလုပ်သမားအများစုမှာ ၄ ဦးက လွဲပြီး ကျန်သူတွေအားလုံး ထိုင်းနိုင်ငံထဲ ၀င်ရောက်တဲ့ တရားဝင် အထောက်အထား ရှိကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ အလုပ်အကိုင် အတည်တကျ မရှိတဲ့အတွက် ချင်းမိုင်အလုပ်သမားရှာဖွေရေးရုံးနဲ့ ပူးပေါင်းပြီး အလုပ်သမား မှတ်ပုံတင်ခြင်းနဲ့ အလုပ်ရှင် ရှာဖွေပေးသွားမယ်လို့ ဆိုပါတယ်။ အထောက်အထားမဲ့ အလုပ်သမား ၄ ဦးကိုတော့ ထိုင်းပိုင်နက်ကနေ ထွက်ခွာသွားဖို့ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း မန်နေဂျာအွန်လိုင်းက ရေးသား ဖော်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024