DVB Logo
Home
Lead Story
လျှို့ဝှက်ဥပဒေသစ် မဲဆန္ဒရှင်များ၏ ဆန့်ကျင်မှု ဂျပန်အစိုးရ ရင်ဆိုင်နေရ
DVB
·
December 17, 2013
လျှို့ဝှက်ဥပဒေသစ် မဲဆန္ဒရှင်များ၏ ဆန့်ကျင်မှု ဂျပန်အစိုးရ ရင်ဆိုင်နေရ
Donate to DVB

ဂျပန်ရဲ့နိုင်ငံတော် လျှို့ဝှက်မှုဥပဒေကို နိုင်ငံရဲ့ စစ်ပြီးကာလ သမိုင်းမှာ “ ဒီမိုကရေစီကို အကြီးမားဆုံး ခြိမ်းခြောက်မှု” အဖြစ် ဖော်ပြခဲ့ကြပါတယ်။

ဥပဒေက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ပေးနိုင်ပါတယ်။ သတင်းစာသမားတွေ အနေနဲ့လည်း အဲဒီလို ပေါက်ကြားမှုတွေကို အားပေးအားမြှောက်လုပ်လို့ အပြစ်ရှိတယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

[caption id="attachment_48615" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption]

ဝန်ကြီးချုပ် ရှင်ဇို အဘေးကတော့ အဲဒါဟာ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆန့်ကျင် ကန့်ကွက်မှုတွေ ဆက်လက်ကြီးထွားလာတဲ့ အချိန်မှာ သူအနေနဲ့ ဥပဒေကို လူထုကို ရှင်းပြနိုင်ခဲ့ရင် ကောင်းမယ် ဆိုတာကိုတော့ ၀န်ခံခဲ့ပါတယ်။

ဥပဒေသစ်အရ ၀န်ကြီးဌာနအားလုံးက ထိပ်တန်း ဂျပန်အရာရှိတွေ အားလုံးဟာ ကာကွယ်ရေး၊ သံတမန်ရေး၊ အကြမ်းဖက်မှု ဆန့်ကျင်ရေးနဲ့ သူလျှိုလုပ်မှုဆိုတဲ့ အတန်းအစား ၄ မျိုး အောက်မှာ အထူးနိုင်ငံတော် လျှို့ဝှက်မှုတွေအဖြစ် သတ်မှတ်ပေးနိုင်ပါတယ်။

နောက် သူတို့က အဲဒါတွေကို နှစ် ၆၀ အထိ၊ တချို့ကိစ္စတွေမှာ ဒီထက် ပိုကြာတဲ့ကာလ အထိ လျှို့ဝှက်ချက်တွေအဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။
လျှို့ဝှက်ဥပဒေဆိုင်ရာ တာဝန်ခံ ၀န်ကြီး မာဆာကိုမိုရီက အဲဒါတွေ အားလုံးဟာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။

မာဆာကိုမိုရီက "နိုင်ငံတကာ အ၀န်းအ၀ိုင်းမှာ လောလောဆယ် ဖြစ်နေတဲ့ တင်းမာမှုတွေအရ အသက်မွေးမှုနဲ့ ကျမတို့ နိုင်ငံသားတွေရဲ့ နိုင်ငံကို အကာအကွယ်ပေးဖို့ အဲဒီဥပဒေကို လိုအပ်ပါတယ်။ ဒီဥပဒေကြမ်းကို ချက်ချင်း ပြဋ္ဌာန်းအတည်ပြုပေးဖို့လည်း လိုပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် မီဒီယာတွေ၊ ရှေ့နေတွေနဲ့ အခွင့်အရေးအုပ်စုတွေကတော့ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပြည်သူလူထုရဲ့ သိရှိပိုင်ခွင့် အခွင့်အရေးအတွက် စိုးရိမ်မှုတွေ ရှိနေပြီး အဲဒါကို ဝေဖန်ခဲ့ကြပါတယ်။
တည်ရှိဆဲ ဥပဒေအရ သတိထားရမယ့် သတင်းအချက်အလက်တွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေရှိနှင့်ပြီး ဖြစ်တဲ့အတွက် ဒီဥပဒေသစ်က ဘာလို့ လိုအပ်ရတာပါလဲ။

လျှို့ဝှက်ဥပဒေဆိုင်ရာ တာဝန်ခံ ၀န်ကြီး မာဆာကိုမိုရီက "အရာရာက တကယ်တမ်း အကဲဆတ်တဲ့ဟာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဗျူရိုကရက်တွေအတွက်ကတော့ ရုတ်တရက် လျှို့ဝှက်လို့ နာမည်တပ်လိုက်ရင် အဆင်မပြေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နောက် အဲဒီ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ဘယ်သူမှ ရှာလို့ရတော့မှာ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။

တိုကျို တင်းမ်ပဲလ်တက္ကသိုလ်က ဒေါက်တာ ဂျက်ဖ်ကင်းစတန်ကတော့ မကြာခင် ၁၀ စုနှစ်တွေအတွင်းက ဂျပန်မှာ ဗျူရိုကရက်တွေ ပါဝင်ပတ်သက်တဲ့ အကျင့်ပျက် ခြစားလောက်ကိုက်မှု မကောင်းသတင်း အတော်များများရှိခဲ့တယ်လို့ ပြောပါတယ်။ နောက် အဲဒါတွေကို ပြည်သူလူထု သိသွားခဲ့ကြပြီး သူတို့က ပိုပြီး သိချင်လာခဲ့ကြပါတယ်။

ဒေါက်တာ ဂျက်ဖ်ကင်းစတန်က "လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်က လူ့အဖွဲ့အစည်းထဲမှာ သတင်းအချက်အလက် လွတ်လပ်မှုကို ထောက်ခံတာတွေ တိုးတက် များပြားလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေက ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ရှိမှုဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးအတွက် အဓိက သော့ချက်တွေ ဖြစ်တယ်လို့ ယုံကြည်ကြလို့ပါ။ တကယ်လို့ ဗျူရိုကရက်တွေက ဘယ်သူမှ သူတို့ ပခုံးတွေအပေါ်က ကျော်ပြီး ကြည့်မယ့်သူ မရှိဘူးလို့ သိနေရင် ဘာဖြစ်မယ်ဆိုတာ ပြည်သူတွေ သိကြပါတယ်။ အဲဒါက ဆိုးဝါးတဲ့အုပ်ချုပ်မှုကြောင့်ပဲ" လို့ ပြောပါတယ်။

ဥပဒေသစ်က တတိယလိင်အုပ်စုရဲ့ အမှတ်မထင် အမှားမျိုးအတွက်တောင်မှ ထောက်ခံ အားပေးထားတာ မရှိပါဘူး။ အစိုးရက ပါးစပ်ကပဲ ကတိပေးထားတဲ့အရာပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဂျက်ဖ်ကင်းစတန်က "အဲဒါဟာ သူတို့ တကယ်ပူပင်နေတဲ့ဟာပါပဲဗျာ။ အစိုးရက ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကြိုးစားနေတာပါပဲ။ နောက် အဲဒါက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေကို အားနည်းအောင် လုပ်နေတာပါပဲ" လို့ ပြောပါတယ်။

အာဏာရပါတီရဲ့ လွှတ်တော်အမတ် ရှီဂျရူ အီရှီဘားက မကြာခင်ကပဲ အကြမ်းဖက်သမား ဆန့်ကျင်ရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့ ပြည်သူလူထုရဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေနဲ့ အတူတူပဲလို့ဆိုခဲ့ပြီး ဥပဒေက ဂျပန်နိုင်ငံကို မကြာခင်က ဖြစ်ခဲ့တဲ့ ဒေသဆိုင်ရာ တင်းမာမှု တွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အကူအညီ ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

"တရုတ်နိုင်ငံက လေယာဉ်မပျံသန်းရ ဇုန်သတ်မှတ်မှုမျိုးတွေနဲ့အတူ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပူပင်စိုးရိမ်မှုတွေ တကယ်ပဲ တိုးများလာနေသလို နိုင်ငံသားတွေရဲ့ လုံခြုံရေး အတွက်လည်း ပူပင် စိုးရိမ်လာနေကြပါတယ်။ လျှို့ဝှက်ဥပဒေကို အတည်ပြု ပေးလိုက်တာနဲ့အတူ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေး တိုးတက်ကောင်းမွန်လာအောင် ကျနော်တို့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။"
ဒါက တရုတ်နိုင်ငံနဲ့တော့ ဘာမှ မလုပ်နိုင်သလောက်ပဲလို့ ယုံကြည်ထားကြောင်း ဒေါက်တာ ဂျက်ဖ်ကင်းစတန်က ဆိုပါတယ်။

"တကယ်က တရုတ်က ဒီလို ဖြစ်လာအောင် တွန်းအားပေးလိုက်တဲ့ ကြောက်စရာလူဆိုးပါ။ လျှို့ဝှက်မှုနဲ့ လျှို့ဝှက် အစီအစဉ်တွေကို မြှင့်တင်ပေးနေတာပါပဲဗျာ။ ဒါပေမယ့် ကျနော်ထင်တယ်၊ တကယ့်အခြေအနေက တရုတ်နဲ့ ဆက်စပ်မှုက မရှိသလောက် ပါပဲ။"

နိုင်ငံတော် လျှို့ဝှက်ဥပဒေသစ်က ၀န်ကြီးချုပ် ရှင်ဇို အဘေးကို ဆုံးရှုံးစေခဲ့ပြီး ဖြစ်ပါတယ်။ သူ့ကို ထောက်ခံတဲ့ ရာနှုန်းက လွန်ခဲ့တဲ့နှစ်ကထက် ၄၇ ဒဿမ ၆ ရာခိုင်နှုန်းအထိ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ကျိုဒိုသတင်းဌာနရဲ့ တနိုင်ငံလုံး တယ်လီဖုန်း စစ်တမ်းကောက်ယူမှုအရ ပြည်သူလူထု ၈၂ ရာခိုင်နှုန်းက ဒီ ဥပဒေကို ကောင်းမွန်အောင်ပြောင်းလဲ ဒါမှမဟုတ် ဖျက်သိမ်းပစ်တာကို အလိုရှိနေကြတယ်လို့ ဆိုပါတယ်။

အာရှဒေသအစီအစဉ်အတွက် ရေဒီယို သြစတြေးလျသတင်းထောက် Sajithra Nithi က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013