DVB Logo
Home
မြန်မာသတင်း
လယ်သမားအရေးလှုပ်ရှားသူများ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ
DVB
·
December 16, 2013
လယ်သမားအရေးလှုပ်ရှားသူများ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ
Donate to DVB

ပေါင်းတည်ထောင်မှာ  ထိန်းသိမ်းခံနေရတဲ့  မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအ၀င် လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

Daw Myint Myint Aye(Meithtila)1​ဒေါ်​မြ​င့်​မြ​င့်​အေး​၊ ဝိ​မု​တ္ထိ ​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့က ​ဒေါ်ခင်​မိ​မိ​ခိုင်​နဲ့ ​န​တ္တ​လင်း​ပြည်​သူ့ အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ကို​သန့်ဇင်​ထက်တို့ သုံး​ဦး​ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က တည်းကစပြီး အစာငတ်ခံဆန္ဒပြကြတာပါ။

အစာငတ်ခံဆန္ဒပြနေသူတွေဟာ  ပဲခူးတိုင်း၊ န​တ္တ​လင်း​မြို့နယ်​ထဲ ​လယ်​သိမ်း​ခံ​တောင်​သူ​တွေ​ဘက်​က ​လိုက်​ပါ​ရပ်​တည်​ပေး​ရင်း ပြီးခဲ့တဲ့ ဇွန်လကကည်းက ​ပေါင်း​တည်​ထောင်​ထဲ ​ဖမ်း​ဆီး​ချုပ်​နှောင်​ခံထားရတာ  ၆ လကျော်ရှိနေပြီ ဖြစ်​ပါ​တယ်။

သူတို့ကို ပြန်လွှတ်ပေးခြင်းမရှိသလို စွပ်စွဲထားတဲ့အမှုတွေအတွက်လည်း အမိန့်မချဘဲ ကာလရှည်ကြာ  ထိန်းသိမ်းထားတဲ့အတွက်   ထောင်တွင်းဆန္ဒပြတာလို့ ဒေါ်မြင့်မြင့်အေးရဲ့ မောင်ဖြစ်သူ ဦးတိုးလေးက ပြောပါတယ်။

“သူတို့ကို ပုဒ်မ ၆ နဲ့ တရားစွဲတာကို ပဲခူးတိုင်း တရားရုံးကို လျှောက်လဲချက်တင်ထားတာ ၂၁ ရက်ကြာတဲ့အထိ လျှောက်လဲချက်က အမိန့် ပြန်ချမပေးလို့ ဆန္ဒပြတာ။ ၇ ရက်နဲ့ ၁၀ ရက်အတွင်း လျှောက်လဲချက် အမိန့် ပြန်ချပေးရမှာ။ အခု ၂၁ ရက်ရှိနေပြီ၊ အမိန့်ချမပေးအတွက် ဆန္ဒပြတာ။”

ဒေါ်မြင့်မြင့်အေးတို့  ပါဝင်တဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်ဘူးဆိုပြီး နတ္တလင်းရဲစခန်းက သူတို့ကို သင်းပင်းဥပဒေ ပုဒ်မ  ၆/၈၈ နဲ့  စွဲချက်တင်အရေး ယူထားတာဖြစ်ပြီး တရားရုံးတွေမှာ ရုံးချိန်းပေးနေတာလည်း အကြိမ် ၂၀ လောက်ရှိနေပြီဖြစ်ပါတယ်။

ပုဒ်မ ၆ နဲ့ စွဲချက်မတင်ဖို့ ပဲခူးတိုင်း အနောက်ပိုင်းခရိုင် တရားရုံးကို လျှောက်လဲချက် တင်ခဲ့ပေမယ့်  ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ပဲခူးတိုင်းဒေသကြီး တရားရုံးကို ထပ်မံ လျှောက်လဲချက်ပေးတဲ့အခါ အမှုလက်ခံထားပေမယ့် တစုံတရာ အမိန့် ချမှတ်တာ မရှိတဲ့အတွက် ဒီပြဿနာဖြစ်လာတာလို့ အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“စွဲချက်တင်တဲ့အခါမှာ ပုဒ်မ ၆ နဲ့ စွဲချက်တာနဲ့ ပုဒ်မ ၁၈ နဲ့ သန့်ဇင်ထွေးကို စွဲချက်တင်ရမှာ မတင်ထားလို့ ကျနော်တို့က ခရိုင်တက်တယ်။ ပြီးတော့ ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော်မှာ ခရိုင်ဆက်တက်တယ်။  ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော်က အမှုလက်ခံတယ်။ လက်ခံပြီးတော့ အပြီးသတ်လျှောက်လဲချက် ကြားနာတဲ့ ရက်ကို ၂၀ ရက် ၁၁ လမှာ ချိန်းတယ်။ ကျနော်တို့က အပြီးသတ်လျှောက်လဲချက် ပေးပြီးသွားပြီ။ အဲဒါကို ဒီနေ့အထိ အမိန့်မချသေးတဲ့အတွက် အမှုသည်တွေက ရုံးလာထွက်ပြီး အမှု ၁ ပတ်ချိန်းကနေ ၂ ပတ် ချိန်းတယ်ဗျာ။ အဲဒီဟာအပေါ်မှာ အမှုကြန့်ကြာတာကို မကျေနပ်တဲ့အတွက် အခု အဲဒီ ပြဿနာ ပေါ်တာ။”

ဒေါ်မြင့်မြင့်အေးတို့ ၃ ဦးဟာ ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတာ ဒီကနေ့ဆို ၄ ရက်မြောက်ဖြစ်ပြီး  ကျန်းမာရေးချွတ်ယွင်းလာတဲ့အတွက်  ထောင်အာဏာပိုင်တွေက  ပိုက်နဲ့ ဆေးသွင်းဖို့ ကြိုးစားရာမှာ   ဆန္ဒပြသူ  တယောက်သာ  လက်ခံပြီး ကျန်နှစ်ယောက်က လက်မခံပဲ ငြင်းဆန်ခဲ့တယ်လို့  သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမယ့်  အစာငတ်ခံ ဆန္ဒပြနေသူတွေရဲ့  ထောင်တွင်း အခြေအနေ အတိအကျကိုတော့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013