DVB Logo
Home
မြန်မာသတင်း
ပင်းတယတွင် လေပြင်းကြောင့် ၁ ဦး သေဆုံး၊ အိမ်ခြေ ၄၆ လုံး ပျက်စီး
DVB
·
December 16, 2013
ပင်းတယတွင် လေပြင်းကြောင့် ၁ ဦး သေဆုံး၊ အိမ်ခြေ ၄၆ လုံး ပျက်စီး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ပင်းတယမြို့နယ် ၀ါးပြားနဲ့ ကူးကော်ကျေးရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့ လေပြင်း ကြောင့် အထက်တန်းကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။

ဝါးပြားနဲ့ ကူးကော်ကျေးရွာမှာ တိုက်ခတ်ခဲ့တဲ့  လေပြင်းကြောင့်  စံသီးကုန်း ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်ခြေ ၄၆ လုံးနဲ့ ကျပ်ငွေ သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_48568" align="alignright" width="300"]ဓာတ်ပုံ - ဓနုတိုင်းရင်းသားများ ဆုံဆည်းရာ ဖေ့ဘွတ်ခ် ဓာတ်ပုံ - ဓနုတိုင်းရင်းသားများ ဆုံဆည်းရာ ဖေ့ဘွတ်ခ်[/caption]

ဒီလေပြင်းကြောင့် ရွာငံမြို့နယ် ပွေးပြတ်ကျေးရွာကနေ  အမျိုးတွေ ရှိတဲ့ ဒီရွာမှာ ကျောင်း လာတက်နေတဲ့ န၀မတန်း ကျောင်းသား အသက် ၁၅ နှစ်အရွယ် မောင်ဇော်မင်းထက် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ပင်းတယဆေးရုံမှာ  ကွယ်လွန်သွားတယ်လို့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ပင်းတယမြို့ခံ ဦးနေသူယုနိုင်က ပြောပါတယ်။

“ပထမဆုံး ပင်းတယဘက်မှာ မိုးသီးတွေ အများကြီးကျတယ်။ ကိုးတန်းကျောင်းသား ၁၅ နှစ် ခေါင်းမှာ ဒဏ်ရာရပြီး မနေ့ ညနေမှာ ဆုံးသွားတယ်။ ဒီနေ့ သင်္ဂြိုဟ်တယ်။”

ဒီလေပြင်းတိုက်ခတ်ခဲ့တဲ့နေ့က ပင်းတယမြို့ပေါ်မှာလည်း မိုးသီးတွေ ကျခဲ့တယ်လို့  ကိုနေသူယုနိုင်က ပြောပါတယ်။

ဒီ ကျေးရွာတွေကို ဓနုစာပေနဲ့ ယဉ်ကျေးမှုအသင်း၊ ပင်းတယမြို့ပေါ်က စေတနာရှင်၊ လူမှုရေး အဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သွားရောက် အကူအညီပေးခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013