DVB Logo
Home
မြန်မာသတင်း
ရက် ၃၀ အတွင်း တရုတ်နိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ်သမား ၉၀၀၀ ကျော် ရှိလာ
DVB
·
September 4, 2021
ရက် ၃၀ အတွင်း တရုတ်နိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ်သမား ၉၀၀၀ ကျော် ရှိလာ
1 / 5
Donate to DVB

တရုတ် - မြန်မာနယ်စပ် ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရက်ပေါင်း ၃၀ အတွင်း လူဦးရေ ၉၀၀၀ ကျော် နေရပ်ပြန်လာကြတယ်လို့ မြန်မာဘက်က လွှဲပြောင်းလက်ခံသူတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ရက်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က ပြည်တော်ပြန် အမျိုးသား ၁၇၇ ဦး၊ အမျိုးသမီး ၁၅၃ ဦး၊ ပေါင်း ၃၃၀ ကို ပြန်လာကြတယ်လို့ လွှဲပြောင်းလက်ခံတဲ့နေရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ 

ဇူလိုင် ၂၆ ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ တရုတ်ဘက်ကနေ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၄၈၄၈ ဦး၊  အမျိုးသား ၄၂၂၁ ဦး ရှိပြီး စုစုပေါင်း ၉၀၆၉ ဦး ရှိတယ်လို့ ဆိုရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေကြောင့် တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ် အဝင်၊ အထွက်ဂိတ်တွေကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ပေမယ့် နှစ်နိုင်ငံ နယ်စပ်အစိုးရတို့ ညှိနှိုင်းကာ မြန်မာနိုင်ငံသားတွေအတွက် ဇူလိုင် ၂၆ ရက်နေ့မနက်ပိုင်းကစပြီး မူဆယ် နန်းတော် တရားဝင်ဂိတ်ပေါက်ဖွင့်ပေးပြီး ခွင့်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံသား ၂၀၄၆ ဦးနဲ့ မြန်မာနိုင်ငံသား ၂၀၀၆ ဦးရှိပြီး စုစုပေါင်း လူဦးရေ ၄၀၅၂ ဦး ရှိတဲ့ ကျယ်ဂေါင်မြို့ကို တရုတ်ကျန်းမာရေးဌာနက ပိုးကူစက်မှု အမြင့်ဆုံးဇုန် အဖြစ်သတ်မှတ်ထားပြီး မြို့ကို သုံးလ လူမရှိဘဲ အလွတ်ထားကာ ဆေးဖျန်းသွားမှာဖြစ်ကြောင်း ဩဂုတ် ၂၂ ရက်နေ့က အသိပေး ကြေညာပြီး စတင်ပြောင်းရွှေ့ခိုင်းနေတယ်လို့ ကျယ်ဂေါင်မှာ နေထိုင်သူ မြန်မာ ရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံကနေ ထွက်ခွာမယ့် သူတွေက နယ်စပ် ဖြတ်သန်းခွင့် စာအုပ်အနီ၊ ၇ ရက်ကဒ်၊ နေထိုင်ခွင့် စာအုပ်အစိမ်း၊ ပေါက်ဖော်ကတ် စတဲ့ အထောက်အထား (ရက်လွန်သည်ဖြစ်စေ) တစ်ခုခုနဲ့  ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားပြီး လက်မှတ်ရှိရမယ်လို့သတ်မှတ် ထားပေမယ့် လက်ရှိမှာတော့ မြန်မာနိုင်ငံသားမှန်ရင် မြန်မာဘက်က လက်ခံတယ်လို့ ပါဝင်ကူညီသူတစ်ဦးက ပြောပါတယ်။

တရုတ်အစိုးရ အနေနဲ့ ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်နိုင်ဖို့ ကြန့်ကြာနိုင်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေ အခက်ကြုံရမှာ ဖြစ်တာကြောင့် ပုံမှန်အလုပ်အကိုင်နဲ့ ဝင်ငွေ မရှိသူတွေကို ပြည်နှင်ဒဏေပေးသွားမယ်လို့ ဇူလိုင် ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013