DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ကျိုင်းတုံတွင် စိုက်ခင်းများ ပျက်စီး
DVB
·
December 16, 2013
ရေကြီးမှုကြောင့် ကျိုင်းတုံတွင် စိုက်ခင်းများ ပျက်စီး
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ဒီနှစ်ထဲ တတိယအကြိမ် ရေပြန်ကြီးတဲ့အတွက် လယ်ယာစိုက်ပျိုးသီးနှံ ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

[caption id="attachment_48546" align="alignright" width="300"]ဓာတ်ပုံ - မောက်ကွန်လူမှုကူညီရေးအဖွဲ့ ဓာတ်ပုံ - မောက်ကွန်လူမှုကူညီရေးအဖွဲ့[/caption]

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးတွေ ဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် ကျိုင်းတုံမြို့ အရှေ့ဘက်က နမ့်ခွန်နဲ့ နမ့်ခတ် ချောင်းရေတွေ လျှံကျပြီး ဒီဇင်ဘာ ၁၄ ရက် ညနဲ့ ၁၅ ရက်တွေမှာ စိုက်ခင်းထဲကို ရေတွေ ၀င်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကတ်တောက်နဲ့ ယန်းကိန်ရွာကြား  အရှည်ပေ ၁၀၀ ကျော်ရှိ နမ့်ခွန်ချောင်းကူး တံတားရော၊ ယန်းပေါက်နဲ့ ၀မ့်ပန်ရွာကြားက ပေ ၁၀၀ ကျော်ရှည် ခိုလော ကွန်ကရစ်တံတားပါ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်လို့ ယန်းကိန်ကျေးရွာအုပ်စု အတွင်းရေးမှူး ဦးစိုင်းမှူးက ပြောပါတယ်။

လောလောဆယ် သိရှိရတဲ့ စာရင်းတွေအရ ယန်းဟောက်နဲ့ ၀မ့်ပန် ကျေးရွာအုပ်စုထဲမှာ ဖရဲစိုက်ခင်းပေါင်း အနည်းဆုံး ၅ ဧက နဲ့ စပါးခင်းက ဧက ၅၀ လောက် ပျက်စီးဆုံးရှုံးမှုတွေရှိပြီး ဒီနေ့ ထပ်မံကွင်းဆင်း ကောက်ယူပြီးရင် စာရင်းဇယားတွေနဲ့တကွ  မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ပြမယ်လို့ ဦးစိုင်းမှူးက ပြောပါတယ်။

“ရွာသားတွေကတော့ ပျက်စီးသွားတဲ့ တံတားနဲ့ ဆုံးရှုံးသွားတဲ့ ဟာတွေကို ကူညီ စေချင်တာပေါ့။ အဲဒါ ဒီညနေ ပျက်စီးဆုံးရှုံးစာရင်း ထပ်ကောက်ပြီးရင် မြို့နယ်အုပ်ချုပ်ရေး ကို တင်ပြပေးမယ်။”

ဒါ့အပြင် ကျိုင်းတုံမြို့ပေါ်  ကတ်နားလုံရပ်ကွက်၊  မြို့သစ် ကျိုင်းလိတ်ရပ်ကွက်၊ ၃ နဲ့ ၄ ရပ်ကွက်တွေမှာ မြေနိမ့်တဲ့အတွက်  မနေ့က ရေတွေ ၀င်ခဲ့ပေမယ့် ဒီနေ့မှာတော့ ရေပြန်ကျ သွားပါတယ်။ အလားတူ ကျိုင်းတုံ ခွာညိုဈေးမှာလည်း ဈေးဆိုင်တချို့ ရေ၀င်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။

ကျိုင်းတုံမှာ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်းကလည်း ရေ ၂ ကြိမ် ကြီးခဲ့တာမှာ  ကတ်ဝုန့်ကျေးရွာအုပ်စုထဲက ရေတိုက်စားထားတဲ့ နုန်းမြေတွေ တင်ကျန်နေလို့ ခုထိ နေအိမ်တွေ ပြန်မဆောက်နိုင်သေးဘူးလို့ မောက်ကွန်လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် နန်းဝိုးဖတ်က ပြောပါတယ်။

ကျိုင်းတုံမြို့နယ်ထဲမှာ ၁၉၈၉ ခုနှစ် နောက်ပိုင်းကစလို့  နှစ်စဉ် ရေကြီးနေပြီး  အဓိကကတော့ သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ကြောင်း၊ ရေတိုက်စားတဲ့  နုန်းမြေတွေကြောင့် တိမ်ကောလာတဲ့ နမ့်ခွန်၊ နမ့်လပ်နဲ့ နမ့်ခတ် စတဲ့ အဓိကချောင်းတွေကို ပြန်ဖော်ပေးမယ်လို့ လွန်ခဲ့တဲ့ ၄ လလောက်က မြို့နယ်အာဏာပိုင်တွေက ပြောခဲ့ပေမယ့် ခုထိ အကောင်အထည် ဖော်တာ မတွေ့ရကြောင်း၊ ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013