
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ထိုင်းအသင်းက ရွှေ ၅၁ ခု၊ ငွေ ၄၂၊ ကြေး ၄၄ ခု စုစုပေါင်း ဆု ၁၄၁ ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
အိမ်ရှင်မြန်မာအသင်းကတော့ ရွှေ ၃၉၊ ငွေ ၃၇၊ ကြေး ၃၉ ခု စုစုပေါင်း ၁၁၅ ခုနဲ့ ဒုတိယလိုက်နေပါတယ်။
ဗီယက်နမ်အသင်းက ရွှေ ၃၉၊ ငွေ ၃၆၊ ကြေး ၄၁ ခု စုစုပေါင်း ဆု ၁၁၆ နဲ့ တတိယလိုက်နေပါတယ်။ အင်ဒိုနီးရှားက ရွှေ ၃၅၊ ငွေ ၅၀၊ ကြေး ၄၉ ခု စုစုပေါင်း ဆု ၁၃၄ ခုနဲ့ စတုတ္ထ ရရှိနေပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကို ၁၉၅၉ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံဟာ အခုအကြိမ်နဲ့ဆို အိမ်ရှင်အဖြစ် ကျင်းပခဲ့တာ ၃ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ဆုတံဆိပ် စုစုပေါင်း ၂၆၆ ခုနဲ့ ဆုအများဆုံးရရှိခဲ့ပြီး မြန်မာကတော့ ဆုတံဆိပ် စုစုပေါင်း ၇၁ ခုနဲ့ နံပါတ် ၈ နေရာသာ ရရှိခဲ့ပါတယ်။











