DVB Logo
Home
မြန်မာသတင်း
လေယာဉ်ဗုံးကြဲလေ့ကျင့်ရန် လေတပ်က တစ်ရက်တည်း ဗုံးအလုံး ၁၀၀ ထုတ်ယူ
DVB
·
September 1, 2021
လေယာဉ်ဗုံးကြဲလေ့ကျင့်ရန် လေတပ်က တစ်ရက်တည်း ဗုံးအလုံး ၁၀၀ ထုတ်ယူ
1 / 5
Donate to DVB

စစ်ကောင်စီ လေတပ်ဟာ လေယာဉ်ဗုံးကြဲ စစ်ရေးလေ့ကျင့်ဖို့အတွက် လေယာဉ်ကြဲဗုံး (50 KG Aircraft Bomb) အလုံး ၁၀၀ ကို ဩဂုတ် ၃၁ ရက်က ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထုတ်သွားခဲ့ပြီး ဘယ်နေ့မှာ စစ်ရေးလေ့ကျင့်မလဲဆိုတာ မသိရသေးပါဘူး။ 

ဒီဗွီဘီ သတင်းဌာနက လက်ခံရရှိထားတဲ့ စစ်ကောင်စီလေတပ်က ထုတ်ယူသွားတဲ့ စာရင်းစာရွက်ထဲမှာ 50 KG Aircraft Bomb ၁၀၀ အတွက် တစ်စုံစာအမျိုးအစား ၄ ခုကို ထုတ်သွားခဲ့တာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

“လေယာဉ်ကြဲဗုံးတွေ ရာချီပြီး ထုတ်နေတာဟာ အနာဂတ်စစ်ဆင်းရေးအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ ယူဆရမှာဖြစ်ပြီး  250 KG ဗုံးအမျိုးအစားဟာ စစ်ပွဲတွေမှာ အစုလိုက်ကြဲချတာဖြစ်ပြီး စခန်းကုန်းတွေမခံနိုင်ဘူး” လို့  CDM တပ်မတော်အရာရှိ ဗိုလ်ကြီးညီသုတက ပြောပါတယ်။

“စစ်ပညာသင်ထားတာဟာ ပြည်သူကိုဗုံးကြဲဖို့မဟုတ်ဘဲ ပြည်သူကို ပြန်သတ်ဖို့ပြင်ဆင်နေတာကြောင့် လုပ်သင့်မလုပ်သင့် လေယာဉ်မှူးတွေ စဉ်းစားဖို့သင့်တယ်” လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် စစ်ကောင်စီလေတပ်က တိုက်ပွဲတွေမှာ 250 KG၊ 500 KG Aircraft Bomb ကိုအသုံးပြုတာဖြစ်ပြီး 250 KG Aircraft Bomb ဟာ မီတာ ၄၀၀ မှ ၅၀၀ ထိ ပြင်းအားသက်ရောက်သလို မီတာ ၄၀၀ ဟာ ဘောလုံးကွင်း ၁ ကွင်းစာ အကျယ်နဲ့ ညီမျှပါတယ်။ အခုက လေ့ကျင့်ရေးအတွက် ထုတ်လုပ်တာဖြစ်တာကြောင့် ပြင်းအားလျော့ထားတာလို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013