DVB Logo
Home
Lead Story
ကျနော်တို့ ရာဇ၀တ်သားတွေ ပြန်ဖြစ်ရပြီ – မိန်းမလျာလိင်
DVB
·
December 16, 2013
ကျနော်တို့ ရာဇ၀တ်သားတွေ ပြန်ဖြစ်ရပြီ – မိန်းမလျာလိင်
Donate to DVB

အိန္ဒိယက လိင်တူဆက်ဆံသူ၊ မိန်းမလျာ၊ လိင်နှစ်မျိုးဆက်ဆံသူနဲ့ လိင်ပြောင်းသူတွေရဲ့ လူ့အဖွဲ့အစည်းမှာတော့ အဓိက နောက်ပြန်ဆွဲမှုနဲ့ ကြုံနေရပါတယ်။ တရားရုံးချုပ်က မိန်းမလျာလိင်ကို တရားဝင်အဖြစ် သတ်မှတ်ပေးလိုက်တဲ့ အောက်တရားရုံးရဲ့ စီရင်ဆုံးဖြတ်မှုကို ပြောင်းလဲဆုံးဖြတ်လိုက်တာပါ။ တရားရုံးရဲ့ အဆိုအရ မိန်းမလျာလိင်ဟာ တရားမ၀င်ပြစ်မှု ဖြစ်နေပါသေးတယ်။

[caption id="attachment_48517" align="alignright" width="300"] နယူးဒေလီ  ဂျန်တာမန်တာရင်ပြင်မှာ တရားရုံးချုပ်က စီရင်ဆုံးဖြတ် ပြီးပြီးချင်း ဆန္ဒပြနေစဉ်
နယူးဒေလီ ဂျန်တာမန်တာရင်ပြင်မှာ တရားရုံးချုပ်က စီရင်ဆုံးဖြတ် ပြီးပြီးချင်း ဆန္ဒပြနေစဉ်[/caption]

မိန်းမလျာလိင်ကို တရားမ၀င်အဖြစ် တရားရုံးချုပ်က စီရင်ဆုံးဖြတ် ပြီးပြီးချင်းပဲ နယူးဒေလီ  ဂျန်တာမန်တာရင်ပြင်မှာ ဆန္ဒပြကြပါတယ်။

လိင်တူဆက်ဆံသူ၊ မိန်းမလျာ၊ လိင်နှစ်မျိုးဆက်ဆံသူ နဲ့ လိင်ပြောင်းသူတွေရဲ့ လူ့အဖွဲ့အစည်းက ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေက အနက်ရောင် နဖူးစည်းတွေ ၀တ်ဆင်ပြီး “ဒါ အိန္ဒိယမှာ လူ့အခွင့်အရေးအတွက် ၀မ်းနည်းစရာနေ့တနေ့” လို့ ရေးထားတဲ့ လက်ကိုင်ပိုစတာတွေနဲ့ “မိန်းမလျာတယောက် ဖြစ်ရတာ ဂုဏ်ယူတယ်”ဆိုတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကြပါတယ်။”
.
ကန့်ကွက်ဆန္ဒပြတဲ့အထဲမှာ ပါဝင်ပြီး အနက်ရောင် အ၀တ်စနဲ့ ပိတ်စည်းထားတဲ့ ရှီဘူက  “ဥပဒေက ကန်းနေပြီး အဲဒီလိုပဲ အမြဲ ဆက်ကန်း နေဦးမှာပဲဗျ။ သူက ဘာမှ မမြင်ဘူးလေ၊ ဘယ်သူကိုမှလည်း မမြင်ဘူး။ အခုတော့ ကျနော်တို့ ဘာမှမမြင်ရဖို့အတွက် ကျနော်တို့လည်း ကန်းပစ်ချင်နေပြီ” လို့ ပြောပါတယ်။

တရားရုံးချုပ်က ကိုလိုနီခေတ်က ဥပဒေကို ကိုင်စွဲထားတဲ့အတွက် အဲဒီ ဥပဒေအရ မိန်းမလျာလိင်ကို ထောင်ဒဏ် ၁၀ နှစ်ထိ အပြစ်ပေးလို့ရတဲ့ အရေးကြီးတဲ့ ရာဇ၀တ်မှုတခုအဖြစ် သဘောထားတာပါ။

၂၀၀၉ ခုနှစ်မှာ ဒေလီတရားရုံးက အဲဒီ ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံထားတဲ့ တန်းတူညီမျှမှု၊ တကိုယ်ရေ သီးသန့်နေထိုင်မှု ဂုဏ်သိက္ခာ စတာတွေကို ချိုးဖောက်တာလို့ စီရင်ပြီး ဆန့်ကျင် ပယ်ဖျက်ပစ်ခဲ့ပါတယ်။

အဲဒီ ၂၀၀၉ ခုနှစ် စီရင်ဆုံးဖြတ်မှုက လူတွေကို မိန်းမလျာဘ၀ ချီတက် လမ်းလျှောက်ပွဲ မျိုးတွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း စည်းရုံးဆောင်ရွက်နိုင်ခွင့် ပြုခဲ့ပါတယ်။

သူတို့ရဲ့လိင်တိမ်းညွှတ်မှုအရ မိန်းမလျာတွေကို အလုပ်က ထုတ်ပစ်တာမျိုးကို အကာအကွယ်ပေးဖို့ အထောက်အကူ ဖြစ်စေခဲ့ပြီး ဆရာဝန်တွေကိုလည်း လိင်တူဆက်ဆံသူတွေကို ပြုစုကုသပေးဖို့ ငြင်းပယ်တာမျိုး ဆက်မလုပ်နိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။

“ကျနော်တို့ဟာ ပုန်းရှောင်စရာမလိုဘဲ ပုံမှန်ဘ၀ကို ရှေးရှုနိုင်တဲ့ လွတ်လပ်တဲ့ နိုင်ငံသားတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့က စပြီးတော့ ကျနော်တို့ဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေ ပြန်ဖြစ်ရပြီး စိတ်အနှောင့်အယှက်ပေးတာ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေ တခါပြန်ပြီး အလုပ်ခံရနိုင်ပါတယ်။”

တနိုင်ငံလုံးမှာ အများစုကြီးက ရှေးရိုးစွဲတွေအဖြစ် ရှိနေဆဲဖြစ်ပြီး လက်မထပ်ဘဲ လိင်ဆက်ဆံတာမျိုးကို လိင်ကွဲ၊ လိင်ဆက်ဆံသူ စုံတွဲတွေ ဖြစ်ရင်တောင်မှ မှားယွင်းတဲ့ လုပ်ရပ်လို့ သဘောထားခံကြရပါတယ်။
အစိုးရက ဒီကိစ္စကို ရေတိုမှာတော့ လူထုကို တိတိလင်းလင်း ချပြဖို့ အရဲကိုးလောက်စရာ အလားအလာ မရှိဘူးလို့ ထင်ရပါတယ်။
အထွေထွေရွေးကောက်ပွဲတွေကို နောက်နှစ် မေလမှာ ကျင်းပမှာ ဖြစ်ပြီး ရှေးရိုးစွဲတွေ ဖြစ်တဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ အတိုက်အခံကတော့ အရှိန်ရ အားကောင်းနေပါတယ်။
ယောဂဆရာဖြစ်တဲ့ ဘာဘာရမ်ဒက်ဗ်လို ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေကတော့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြပါတယ်။

“လိင်တူဆက်ဆံတာကို တရားမ၀င် ကြေညာလိုက်ပြီး ရာဇ၀တ်မှုအဖြစ် သတ်မှတ် လိုက်တဲ့အတွက် တရားရုံးချုပ်က ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ်တွေနဲ့ ကိုယ်ကျင့်တရားကို ယုံကြည်ကြတဲ့ သန်းပေါင်းများစွာရှိတဲ့ အိန္ဒိယတွေရဲ့ ခံစားမှုကို လေးစားတယ်ဆိုတာ ပြသ လိုက်တာပါပဲ။ လိင်တူ ဆက်ဆံတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲဗျ။ ကိုယ်ကျင့်တရား ပျက်တာ၊ ကြောင်းကျိုးတကျ မရှိ၊ သိပ္ပံနည်းမကျ သဘာဝလည်း မကျပါဘူးဗျာ။”

မိန်းမလျာ အခွင့်အရေးအုပ်စုတွေကတော့ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်မှုကို ပြန်ပြောင်းလဲဖို့ ပြန်လည်သုံးသပ်ဖို့ အခု ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဒီလို ရွေးချယ်မှုတွေကတော့ အောင်မြင်မှု ရခဲပါတယ်။
ဂေါတမ်ဘန်းလို တက်ကြွလှုပ်ရှားသူတွေကတော့ မီဒီယာတွေ နဲ့ ဒီလို ကန့်ကွက် ဆန့်ကျင်ပွဲတွေကို သုံးပြီး ပြည်သူလူထုရဲ့ ဖိအားနဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက် ကို ပြောင်းပြန်လှန်ပစ်ဖို့ ပိုပြီး အောင်မြင်မှု ရလာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဂေါတမ်ဘန်းက “ကျနော်တို့က ကျနော်တို့ရဲ့နှလုံးသားထဲမှာ ရှိနေတဲ့သူတွေ လက်ခံဖို့ ကျန်ာတို့ဘ၀ရဲ့ အခက်အခဲဆုံး တိုက်ပွဲကို တိုက်ခဲ့ကြတာပါ။ ဒီ တရားရုံးက အကြောက်တရားဆိုတာ ဘာဆိုတာ သူတို့ သိတယ်လို့ ထင်တယ်ဆိုရင် ဒီတိုင်းပြည်မှာ ရှိတဲ့ မိန်းမလျာတိုင်း နေထိုင်နေကြတဲ့ အခြေအနေကို နားလည်နိုင်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ ဒီ မကောင်းဆိုးဝါး ၀ိညာဉ်နဲ့ ရှင်သန်နေထိုင်နိုင်ရင် ဒီ အလေ့အထကိုလည်း ရှင်သန်အောင် လုပ်နိုင်မယ်ဆိုတာကိုလည်း သူတို့ နားလည်လာကြပါလိမ့်မယ်” လို့ ပြောပါတယ်။

ဘစ်စ်မီလာ ဂီလာနီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013