DVB Logo
Home
Lead Story
မြန်မာအားကစားအဖွဲ့အသီးသီး ပထမရွှေတံဆိပ်ဆုများ ထပ်မံ ရရန်ရှိ
DVB
·
December 15, 2013
မြန်မာအားကစားအဖွဲ့အသီးသီး ပထမရွှေတံဆိပ်ဆုများ ထပ်မံ ရရန်ရှိ
Donate to DVB

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ အသီးသီးဟာ ပထမရွှေတံဆိပ်ဆုတွေ ထပ်မံရဖို့ရှိနေပြီး ရွှေတံဆိပ် ၆၀နဲ့ ၈၀ကြား ရနိုင်တယ်လို့ နေပြည်တော် အားကစားပွဲတွေမှာ သတင်းယူနေတဲ့ အားကစားကလောင်ရှင် ကိုစိုးညီက သုံးသပ်ပြောကြားလိုက်ပါတယ်။

Ko Soe Nyiနေပြည်တော်မှာ ပြုလုပ်နေတဲ့ အားကစားပွဲတွေကို ဒေသခံပြည်သူတွေသာမက နယ်အဝေးမြို့တွေကပါ လာရောက် အားပေးနေကြတယ်လို့လည်း ပြောပါတယ်။

ပြိုင်ပွဲတွေမှာ အဆုံအဖြတ်ပေးတဲ့ ဒိုင်လူကြီးတွေအနေနဲ့ မြန်မာအသင်းဆိုပြီး သိသိသာသာ ဘက်လိုက်ဆုံးဖြတ်တာမျိုးတွေလဲ မတွေ့ရဘူးလို့ ဆိုပါတယ်။

သတင်းရယူတဲ့နေရာမှာလဲ အစပိုင်းရက်တွေကထက်စာရင် ပိုပြီး အဆင်ပြေ ချောမွေ့လာနေပါတယ်။

နေပြည်တော်တခွင်မှာရှိတဲ့ အားကစားရုံတွေကို လိုက်လံသတင်းယူနေတဲ့ ကိုစိုးညီကို ကျနော်ကပဲ ဆက်သွယ်မေးမြန်းထားပါတယ်။

ပြိုင်ပွဲဝင် အားကစားသမားတွေကို အားပေးတဲ့ ပရိတ်သတ် အနေအထားလေး နည်းနည်းလာက်ပြောပြပါလား။ မြင်ရတွေ့ရတာလေးပေါ့။

အခုရက်ပိုင်းမှာ ပရိတ်သတ်တွေ အားပေးမှုက အရင်ကထက်တော့ ပိုများလာတယ်။ စစချင်းတုန်းကတော့ ကျောင်းသားလေးတွေ ဝန်ထမ်းတွေ၊ အဲ့ဒါတွေလောက်ပဲ တွေ့ရတယ်။ အခုနောက်ပိုင်းမှာတော့ ပျဉ်းမနားတို့ နေပြည်တော်တို့ အဲဒီ့က ပရိတ်သတ်တွေကော နယ်ဝေးက ပရိတ်သတ်တွေကော လာကြည့်ကြတယ်။ ပရိတ်သတ် အားပေးမှု တော်တော်များလာပါတယ်။ မြန်မာတွေ ပြိုင်တာကို လှိုက်လှိုက်လှဲလှဲနဲ့ အားပေးကြပါတယ်။

ရုပ်ဆိုးအကျည်းတန်တဲ့ ပုံစံမျိုးနဲ့ အားပေးတာမျိုးကော တွေ့ရလား ခင်ဗျ။

တချို့ ပရိတ်သတ်တွေကတော့ မြန်မာနိုင်စေချင်တဲ့ စိတ်တစ်ခုထဲနဲ့ အားပေးတာမျိုး ပေါ့။ အားပေးတဲ့နေရာမှာလည်း နည်းနည်း စည်းလွတ်ဝါးလွတ် ဖြစ်သွားတဲ့ တချို့ ပရိတ်သတ်ပေါ့။ လူနည်းစုလေး လောက်ပါပဲ။ တခြားနိုင်ငံက ကစားသမားတွေကို စော်ကားချင်တဲ့ စိတ်မျိုးနဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဥပမာ ဘိလိယက်လို အားကစားနည်းမှာ ပရိတ်သတ်က ကြည့်လို့ရတယ်။ ဒါပေမယ့် တခြား အားကစားနည်းတွေလို ဆူညံလို့မရဘူး ဖုန်းပြောလို့မရဘူး silent လုပ်ထားရမယ်။ အဲ့ဒီလို စည်းကမ်းလေးတွေရှိတယ်။ အဲ့ဒီလို အားကစားနည်းတွေမှာ ဘောလုံး အားကစားလို အော်ဟစ် အားပေးလိုက်မိတာမျိုးတွေ ရှိတယ်။  အဲ့ဒီ့အခါ ပြိုင်ပွဲ ကျင်းပရေးက သတိပေးရတာမျိုးတွေ။ အဓိက ကတော့ အားကစားနည်း နဲ့ ပတ်သတ်ပြီး ပရိတ်သတ်က နည်းနည်းလေး စိမ်းနေတာ၊ ကျွမ်းကျင်မှု မရှိတာကြောင့် မှားတဲ့ အမှားမျိုးလေးတွေလောက်ပဲ ရှိပါတယ်။

ကျနော်တို့ ပြိုင်ပွဲတွေကို ဆုံးဖြတ်ပေးတဲ့ ဒိုင်လူကြီး တွေအပိုင်းက ဘက်လိုက်တာ မျိုး၊ သမာသမတ်မကျတာမျိုးကော တွေ့ရလား။ ဒါမှမဟုတ် ပုံမှန်အတိုင်းပဲလား။

ဒိုင်တွေနဲ့ ပတ်သတ်ပြီး ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ပြောရမလားပဲ။ တချို့ ပွဲစဉ်လေးတွေ မှာတော့ အငြင်းပွားစရာလေးတွေတော့ ရှိတာပေါ့။ အားလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ မြန်မာဆိုပြီး ဘက်လိုက်ပြီး အသာပေးခဲ့တာမျိုး မတွေ့ရဘူး။

အားကစားသမားတွေ ပြိုင်ပွဲဝင်တဲ့အခါမှာကော အေးအေးဆေးဆေး သက်တောင့် သက်သာနဲ့ ပြိုင်ပွဲဝင်နိုင်တာ တွေ့ရလား။

အားကစားသမားတွေအနေနဲ့ကျတော့ ပုံမှန်ဆိုရင် သက်တောင့်သက်သာဖြစ် မဖြစ် ဆိုတာထက် ပုံမှန်အတိုင်းထက် ဆန်းပြားနေတာ တွေ့ရတယ်။ နေတာ ထိုင်တာ စားတာ သောက်တာ သူတို့ နိုင်ငံမှာနေတာနဲ့တော့ ကွာခြားမှာပေါ့။ နိုင်ငံလည်း မတူဘူး သဘာဝ လည်း မတူဘူး။

ကိုစိုးညီ တို့ သတင်းသမားတွေကော သတင်းရယူရတာ ဘယ်လို အခက်အခဲတွေ ရှိနေသေးလဲ။

ပြိုင်ပွဲစကာစ ကတော့ သတင်းယူရတာ အတော်လေးခက်ခဲတယ်။ ဟိုနေရာ မဝင်ရ ဒီမသွားရ ဆိုတာမျိုးတွေ၊ နောက်ပြီး အားကစားရုံ တခုကနေ တခုကို သွားရတဲ့ အပိုင်းတွေမှာ ပို့ဆောင်ရေးပတ်သတ်ပြီး ကားတွေ စီစဉ်ထားတာမျိုးတွေ မရှိတာတွေ။ အဲ့ဒါမျိုးတွေ အများကြီးကြုံခဲ့ရတယ်။ အခုနောက်ပိုင်းမှာတော့ အများကြီး အဆင်ပြေလာတာမျိုးတွေ တွေ့ရတယ် ။ အဆင်ပြေတယ် ဆိုတဲ့ အပိုင်းမှာ ပြိုင်ပွဲကျင်းပရေးကနေ ရုံတခုနဲ့တခု ကူးလို့ရအောင် ဂိတ်ပေါက်ဝကနေ အထဲဝင်လို့ရအောင် စီစဉ်ထားတာမျိုးတွေလည်း ရှိတယ်။ မီဒီယာတွေ အပိုင်းကလည်း ပြိုင်ပွဲရက်ကြာလာတော့ ဘယ်ကနေ ဘယ်သွားရမယ် ဘာလုပ်ရ မယ်ဆိုတာ လုပ်ရင်းကိုင်ရင်း အဆင်ပြေအောင် လုပ်တက်လာတယ်ပေါ့။ အစက ထက်တော့ ပိုပြီးအဆင်ပြေလာတယ်။ ပြိုင်ပွဲက စီစဉ်ပေးတာက တပိုင်း မီဒီယာ တွေက ပြိုင်ပွဲရက်ကြာလာတော့ အဆင်ပြေအောင် လုပ်တက်လာတယ်ပေါ့။

မြန်မာရွှေရနိုင်တဲ့ အားကစားနည်းတွေ ကျန်သေးလား။

မြန်မာရွှေရနိုင်တဲ့ အားကစားနည်းတွေ ကျန်ပါသေးတယ်။ အခုလက်ရှိ ကျင်းပနေတဲ့ ပြေးခုန်ပစ် ဒီမနက်မှာ ရွှေတခု စရတယ်။ ပြေးခုန်ပစ်ကနေ နောက်ထပ်ရွှေတွေ ရနိုင်ဖို့ ရှိပါသေးတယ်။ မြှားပစ် ဆိုရင်လည်း ပြိုင်ပွဲ စနေပါပြီ မြှားပစ်မှာ ရွှေ ရနိုင်တယ်။ နောက်ပြီးတော့ ချောင်းသာမှာ လုပ်နေတဲ့ ရွက်လှေပြိုင်ပွဲကနေ ရွှေရနိုင်တယ်။ နောက် နေပြည်တော် ငလိုက်ဆည်မှာ လုပ်မယ့် အနောက်တိုင်း လှေလှော် ရိုးရာ လှေလှော်  အဲဒါတွေကနေ ရွှေတွေရနိုင်တယ်။ နောက် ပိုက်ကျော်ခြင်း ပွဲစဉ်တွေ ကျန်သေးတယ်။ အဲဒါကနေ ရွှေရနိုင်သေးတယ်။ စစ်တုရင်တို့ ဘိလိယက်တို့ကနေ ရွှေရနိုင်တယ်။ ရွှေရနိုင်တဲ့ အားကစားတွေ ကတော့ အများကြီး ကျန်ပါသေးတယ်။ အခုလောလောဆယ် ရွှေ ၃၀ ကျော်ရထားတယ်။ နောက်ထပ် ရွှေအခု ၃၀ နဲ့ ၅၀ ကြားမှာ ထပ်ရမယ် လို့ ခန့်မှန်းပါတယ်။

ဘယ်လို အားကစားနည်းတွေက များများစားစား ရနိုင်သလဲ။

အဓိက လက်ကျန်ထဲမှာတော့ ရိုးရာ လှေလှော်ကနေ အများဆုံး ရနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013