DVB Logo
Home
ကျန်းမာရေး
အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ်နဲ့ ကျော်ဖြတ်ပါ
DVB
·
September 1, 2021
အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ်နဲ့ ကျော်ဖြတ်ပါ
Donate to DVB

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည်ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။

အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်းဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်းက သတင်းလို့ဆိုပါတယ်။

ဒီလို သတင်းကို စားသုံးကြတဲ့လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက်တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ ဒေါသထွက်တာတွေနဲ့ စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။

ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေတိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု တစ်စုံတစ်ရာတော့ ကြုံဆုံခံစားကြရတာပါပဲ။ ဒီလို ခံစားချက်တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းစိတ်ပျက်ရတာတွေကို မဖြစ်မနေ ကြုံဆုံရမှာပါ။

ခုလိုမျိုး Shocking Events တွေကို ရင်ဆိုင်လာရပြီဆိုရင် မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်နိုင်တယ်လို့ စိတ်ပညာရှင်တွေကဆိုကြပါတယ်။ ဘယ်လိုများ မျှဝေခံစားပြီး ကျော်ဖြတ်ကြမှာပါလဲ။

အခက်အခဲများကို မျှဝေခံစားလိုစိတ် ဖြင့် ကျော်ဖြတ်ခြင်း 

မျှဝေခံစားလိုစိတ် ရှိခြင်းဟာ လူတစ်ဦးချင်းစီမှာ ရှိတတ်တဲ့ အမူအကျင့်ကောင်းတစ်ခုပါ။ ထိလွယ်ရှလွယ် စိတ်ခံစားချက်တွေကို မျှဝေနားထောင်ပေးမယ့်သူရှိရင် တဖက်သား စိတ်သက်သာရာရသွားတာမျိုးပေါ့။ တဖက်လူ ခံစားနေရတဲ့အခြေအနေကို နားထောင်ပေး၊ ဂရုစိုက်ပေး၊ နားလည်ပေးတဲ့ အခြေအနေတစ်မျိုးလို့ ဆိုရမှာပေါ့။

မျှဝေခံစားတတ်သူတွေဟာ တဖက်သားရဲ့ အမြင်နဲ့ ခံစားချက်ကို နားလည်သဘောပေါက် လွယ်ကြတယ်။ ဒီလို မျှဝေခံစားနိုင်တာဟာ တခါတရံမှာတော့ နားလည်မှုလွဲမှားတာနဲ့ အလွန်အမင်း အိုဗာဖြစ်တာမျိုးတွေလို့ ရှုမြင်ခံရတတ်ပါသေးတယ်။ ကိုယ့်မိတ်ဆွေ၊ မိသားစုဝင်ထဲမှာ ဒီလို မျှဝေခံစားပေးတတ်သူ ရှိတယ်ဆိုရင် သင်ဟာ ကံထူးသူပါပဲ။

လူတွေရဲ့ ၅၆% က သတင်းတွေနဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဖိစီးမှုခံစားရတတ်ပါတယ်။ သတင်းဆိုးတွေ၊ အဖြစ်အပျက်ဆိုးတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ လူတွေရဲ့ အာရုံကြောကို အပြင်းအထန် လှုံ့ဆော်တတ်ပြီး စိတ်ခံစားမှုကို လွန်ကဲစေမှာပါ။ ဒီအခြေအနေကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မျှဝေခံစားတာလို့ အေမေရိကန်စိတ်ပညာအသင်းက ဆိုပါတယ်။

စိတ်ပညာရှင်တွေရဲ့ အဆိုအရတော့ လူတဖက်သားကို မျှဝေခံစားပေးခြင်းဟာ ကူးစက်လွယ်တဲ့ အပြုအမူဖြစ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မျှဝေခံစားလိုစိတ် ဖြစ်ပေါ်လာစေမှာမို့ နှစ်ဦးလုံးအတွက် အကျိုးပြုတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အခက်အခဲ ကိုယ့်အခက်အခဲ အပြန်အလှန်ကူညီနိုင်တာပေါ့။

တဖက်သားရဲ့ အခြေအနေကို နားထောင်ပေး၊ လက်ခံပေးပြီး အားပေးခြင်းအားဖြင့် စိတ်ဒါဏ်ရာရနေသူ၊ စိတ်ထိခိုက်နေသူကို ပိုမိုသက်သာလျော့ပါးစေမှာဖြစ်သလို ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရှာမှာလည်း ပိုပြီး နားလည်သဘောပေါက်လွယ်သူဖြစ်လာစေမှာပါ။

မျှဝေခံစားမှုရဲ့သဘောက အပြန်အလှန်ကူးစက်လွယ်တယ်လို့ အထက်မှာဆိုထားသလိုပဲ အပြန်အလှန်ဖေးမမှု၊ မျှဝေခံစားပေးမှုတွေလည်း ဖြစ်လာစေမှာမို့ နှစ်ဦးနှစ်ဝအကျိုးရှိစေတဲ့ လုပ်ရပ်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အခက်ခဲဆုံးအချိန်တွေကို ရင်းနှီးကျွမ်းဝင်ရသူတွေ၊ မိသားစုတွေနဲ့ မျှဝေပြီး စိတ်ပင်ပန်းမှုတွေကို လျှော့ချသင့်ကြောင်း မကြာခနတိုက်တွန်းနေရတာပေါ့။

ဒါတွေကိုလည်း မမေ့ပါနဲ့

သတင်းဆိုးတွေ အဖြစ်အပျက်ဆိုးတွေကို ရင်ဆိုင်ရာမှာ တစ်ဖက်သားကို ရင်ဖွင့်ပြီး မျှဝေခံစားစေရုံနဲ့ မပြီးသေးပါဘူး။ တခြားသော နည်းလမ်းလေးတွေကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။

ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ရင်ဆိုင်နေရပြီဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့ စိတ်ပင်ပန်းနေမှုတွေကို လျော့ပါးသက်သာအောင်လုပ်ဆောင်နိုင်သေးတာကြောင့်ပါ။

ဒါတွေကတော့

  • သတင်းဆိုးတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။
  • ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လျှော့ချပါ။
  • သင်နဲ့ သင့်မိသားစုဝင်တွေအကြားမှာ စည်းခြားထားပါ။
  • Surprise အဖြစ်အပျက်တွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။
  • အသက်ရှူလေ့ကျင့်ခန်းလိုမျိုး စိတ်ခံစားချက်ကို ထိမ်းချုပ်နိုင်မယ့် လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပါ။
  • တဖက်သားကို ကူညီပါ။
  • တခြားအရာတွေဆီကို အာရုံလွှဲပါ၊ စတဲ့အချက်တွေပါပဲ။

ရေးသားသူ Ye Zon Aung

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013