DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဒေါ်လာ ၁.၁၂ သန်းတန်ဖိုး မူးယစ်ဆေးအမြောက်အမြားဖမ်းမိ
DVB
·
August 31, 2021
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဒေါ်လာ ၁.၁၂ သန်းတန်ဖိုး မူးယစ်ဆေးအမြောက်အမြားဖမ်းမိ
Donate to DVB

မြန်မာနိုင်ငံ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် စီးနင်းမှုတခုမှာ ဒေါ်လာ ၁.၁၂ သန်းတန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးအမြောက်အမြားကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေက စနေနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တရားဝင်ကြေညာချက်ခဲ့ပါတယ်။

သတင်းပေးချက်တခုအရ အရှေ့တောင်ဘက်ကမ်းရိုးတန်း ကော့ခ်ဘဇား နယ်ခြားစောင့် တပ်ရင်းဟာ မနက်အရုဏ်မတက်ခင် ဝင်ရောက်စီးနင်းရာမှာ လူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းတန်ဖိုးရှိ မြန်မာယာဘဆေးပြား ၃ သိန်း ၂ သောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်ရင်းထုတ်ပြန်ချက်က ဆိုပါတယ်။ 

အဲ့ဒီစီးနင်းမှုဟာ နှစ်နိုင်ငံအကြားက မှောင်ခိုလမ်းကြောင်းလို့ ယူဆရတဲ့ အာ့ခီရာနယ်မြေ အနီးက စက်တပ်လှေပေါ်မှာ ဖြစ်သွားတာပါ။ ဒါကို ရာဇ၀တ်မှုတစ်ခုအဖြစ် အမှုတွဲထားပြီး မှောင်ခိုတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်တနှစ်တည်းမှာ နယ်စပ်တပ်ရင်းဟာ ဒေါ်လာ ၁၁.၈၃ သန်း တန်ဖိုးရှိတဲ့ မြန်မာယာဘဆေးပြား ၃.၃၇ သန်းကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုမှာ လူ ၁၆၁ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ယာဘဆေး သုံးစွဲမှုနဲ့ မှောင်ခိုအရောင်းအဝယ်တွေကို တားဆီးဖို့ ကြိုးစားနေပေမယ့်လည်း ထောင်နဲ့ချီတဲ့လူတွေ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှလူငယ်တွေဟာ လတ်တလောနှစ်တွေ အတွင်းမှာ အနီရောင် သို့မဟုတ် ပန်းရောင် ယာဘ ဆေးပြားတွေကို စွဲလမ်းလာကြပါတယ်။ 

ယာဘဟာ မက်သာဖက်တမင်းစိတ်ကြွဆေးပြားနဲ့ ကဖိန်းဓာတ်တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ တရားမ၀င် ထုတ်လုပ်တာလို့ ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013