DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားဆန္ဒပြပွဲ အကြမ်းဖက်မှုအသွင်ပြောင်းလာ
DVB
·
April 15, 2026
Photo: REUTERS/Anushree Fadnavis
Photo: REUTERS/Anushree Fadnavis
Donate to DVB

အိန္ဒိယနိုင်ငံမှာ လုပ်ခလစာ တိုးတောင်းနေကြတဲ့ စက်ရုံလုပ်သားတွေရဲ့ ဆန္ဒပြပွဲဟာ ၄ ရက်မြောက်နေ့မှာ အကြမ်းဖက်မှု အသွင်ပြောင်းလဲလာပြီး နွိုက်ဒါမြို့မှာ မော်တော်ယာဉ်တွေကို မီးရှို့တာ၊ ကျောက်ခဲနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားလာခဲ့တာကြောင့် ဧပြီ ၁၃ ရက်မှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး နှိမ်နင်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

နွိုက်ဒါမြို့ဟာ အာရှရဲ့ အကြီးဆုံး စီမံကိန်းချ တည်ဆောက်ထားတဲ့ စက်မှုမြို့သစ်တွေထဲက တခုဖြစ်ပြီး စက်ရုံပေါင်း ထောင်နဲ့ချီ တည်ရှိပါတယ်။

စက်ရုံအလုပ်သမ ဆပ်ပနာက "ကျမတို့က လုပ်ခလစာ ရူပီး ၈,၀၀၀ ပဲ ရပါတယ်။ အခုလို အခြေအနေမျိုးနဲ့ ကျမတို့ ဘာမှမလုပ်နိုင်ပါဘူး။ အိမ်မှာက ကလေးအငယ်လေးတွေနဲ့၊ ချက်ပြုတ်ဖို့ ဂတ်စ်ကလည်း မရတော့ဘူး" လို့ ပြောပါတယ်။ 

ဒေသခံရဲတပ်ဖွဲ့ကတော့ တရားဥပဒေစိုးမိုးရေးအတွက် "အနည်းဆုံးလိုအပ်တဲ့ အင်အား" ကိုပဲ သုံးပြီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

နွိုက်ဒါမြို့ တည်ရှိရာ ဥတာပရာဒေ့ရှ်ပြည်နယ်ရဲ့ လွှတ်တော်အမတ် နာရန်ဒရာ ကရှ်ယက်ပ် ကတော့ ဆန္ဒပြသူတွေအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးကြဖို့ တိုက်တွန်းထား ပါတယ်။

အီရန်နိုင်ငံမှာ အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် လောင်စာဆီ ထောက်ပံ့မှုတွေကို ကန့်သတ်လိုက်တာကြောင့် ကမ္ဘာတဝန်းက နေထိုင်စရိတ်တွေ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က မော်တော်ကား ထုတ်လုပ်တဲ့ ဟာရ်ယနာပြည်နယ်မှာ အလားတူ ဆန္ဒပြမှုတွေကြောင့် အိန္ဒိယအစိုးရက အနိမ့်ဆုံး လုပ်ခလစာကို ၃၅ ရာခိုင်နှုန်းတိုးမြှင့်ဖို့ အမိန့်ပေးခဲ့ရပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013