DVB Logo
Home
မြန်မာသတင်း
HOPE Telecare အတွက် စေတနာ့ဝန်ထမ်းဆရာဝန်များ ဖိတ်ခေါ်
DVB
·
August 30, 2021
HOPE Telecare အတွက် စေတနာ့ဝန်ထမ်းဆရာဝန်များ ဖိတ်ခေါ်
Donate to DVB

ဆေးဘက်ဆိုင်ရာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ HOPE Telecare အတွက်  စေတနာ့ဝန်ထမ်းဆရာဝန်တွေ ပါဝင်နိုင်တယ်လို့  ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။ 

HOPE Telecare  ဟာ စွယ်စုံရ ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှုပလက်ဖောင်းဖြစ်ပြီး အခမဲ့ ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်ပြီး ကိုဗစ်-၁၉ ကူးစက်မှု အထွတ်အထိပ်ရောက်နေချိန်မှာ လူနာနဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးကျွမ်းကျင်သူတို့ ထိတွေ့တာကို လျှော့ချနိုင်ဖို့ အွန်လိုင်းကတဆင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် ဝန်ဆောင်မှုတခု ဖြစ်ပါတယ်။

HOPE Telecare ရဲ့ ပူးတွဲတည်ထောင်သူ ဒေါက်တာ စောမြအောင်က "မကြာသေးခင်က နေ့တိုင်းလိုလို ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ တချိန်လုံး မြင့်တက်ခဲ့ပါတယ်။ ဒီကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ချေမှုန်းဖို့‌ လမ်းကြောင်းရှာရာမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ပိုလိုအပ်တယ်ဆိုတာ နားလည်လာပါတယ်။ ဒါ့ကြောင့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုပေး စနစ်ပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေဖို့ အွန်လိုင်းကတဆင့် ကျန်းမာရေး အကြံပေးအဖွဲ့မှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ခေါ်ရတာပါ။ ဒါဟာ ဆရာဝန်တွေအတွက် သူတို့အချိန်တွေကို စေတနာ့ဝန်ထမ်းလုပ်ဖို့နဲ့ သူတို့အတွက် အန္တရာယ်မရှိဘဲ ပိုကျွမ်းကျင်လာဖို့ အခွင့်အလမ်း တရပ်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

HOPE Telecare က Facebook Messenger လိုမျိုး မက်ဆေ့ဂျ်ပို့ စနစ်တွေသုံးပြီး ဆေးကုပေးမှာ မဟုတ်ဘဲ အတည်ပြုထားတဲ့ ကျွမ်းကျင်သူတွေဆီက သတင်းအချက်အလက်‌တွေကို မိုဘိုင်းဖုန်းတွေအတွက် ကိုယ်ပိုင် HOPE  အက်ပ်ကနေတဆင့် ကုသနိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

HOPE Telecare ဟာ မြန်မာနိုင်ငံ Blue Ocean Investment Limited က ‌ဒေါက်တာ စောမြအောင် တို့နဲ့ ပူးတွဲလုပ်ငန်းတစ်ခုဖြစ်ပြီး Heydoc International Sdn Bhd က ပိုင်ဆိုင်တဲ့ မလေးရှားနိုင်ငံ "First Digital Signature Electronic Prescription System" DOC2US ဟာ သူတို့ရဲ့ နည်းပညာဆိုင်ရာ ပါတနာဖြစ်ပါတယ်။

HOPE Telecare ရဲ့ ဥက္ကဋ္ဌ  ဦးထွန်းထွန်းနိုင်က " ဒါဟာ ကျနော်တို့ရဲ့ မြန်မာပြည်သူတွေကို ပိုမို သုံးလွယ်ရလွယ်နိုင်တဲ့၊ လက်လှမ်းမီပြီး သာတူညီမျှဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ချိန်ခါနေရာမရွေးရနိုင်အောင် ကူညီပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကနေ အခြေတည်ဖြစ်ပေါ်လာတာပါ။ အွန်လိုင်းကနေ ဆေးကုသပေးခြင်းဟာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်ရာမှာ ရှေ့ကိုတက်လှမ်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ လိုအပ်နေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးကုသရေး ရင်းမြစ်တွေ မလိုတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဂေဟစနစ်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပါလိမ့်မယ်" လို့ ပြောပါတယ်။

နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး အဲဒီနေရာမှာ ဆရာဝန်တွေ အလွယ်တကူ ရှာမတွေ့နိုင်ပေမဲ့ အင်တာနက်သုံးစွဲနိုင်နှုန်းကတော့ လက်ရှိ ၄၃ ရာခိုင်နှုန်း ရှိနေရာကနေ တနှစ်မှာ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်နေတယ် လို့လည်း သူက ပြောပါတယ်။

HOPE Telecare app ကို Play Store မှာ HOPE လို့ ရှာပြီး ဒေါင်းလုဒ် လုပ်နိုင်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013