DVB Logo
Home
မြန်မာသတင်း
အင်းစိန် ယာဉ်ထိန်းရဲရုံးများ ဗုံးကွဲ၊ မြို့ဝင်တံတားများပေါ် စစ်ကောင်စီတပ်များ တင်းကျပ် စစ်ဆေးနေ
DVB
·
August 30, 2021
အင်းစိန် ယာဉ်ထိန်းရဲရုံးများ ဗုံးကွဲ၊ မြို့ဝင်တံတားများပေါ် စစ်ကောင်စီတပ်များ တင်းကျပ် စစ်ဆေးနေ
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မီးပွိုင့်တွေရှိ  ယာဉ်ထိန်းရဲရုံးတွေ အပါအဝင် အနည်းဆုံးနေရာ ၄ နေရာလောက်မှာ  သြဂုတ် ၃၀ ရက် ဒီကနေ့ မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့​တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီမနက် ၅ နာရီဝန်းကျင်လောက်က အင်းစိန်ပေါက်တောဝ မီးပွိုင့်က ယာဉ်ထိန်းရဲရုံး၊ အင်းစိန် ဂျပန်လမ်းမီးပွိုင့်က ယာဉ်ထိန်းရဲရုံး ၊အင်းစိန် BOC မီးပွိုင့်က ယာဉ်ထိန်းရဲရံးနဲ့ အင်းစိန်ရထား ဘူတာအနီး စစ်ကောင်စီလုံခြုံရေးစောင့်နေတဲ့နေရာတို့မှာ ပေါက်ကွဲခဲ့တာလို့ မြို့နယ်နေ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက အင်းစိန်မြို့နယ်အပြင် မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ကမာရွတ်လှည်းတန်းနဲ့ စမ်းချောင်းမြို့နယ်တို့မှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်သေဆုံးမှု  ရှိမရှိ အတိအကျ မသိရသေးပါ။

ပေါက်ကွဲမှုဖြစ်တဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး တင်းကျပ် စစ်ဆေးနေသလို မြို့အဝင်အထွက် အထင်ကရ တံတားတွေမှာလည်း ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေပါတယ်။

လှိုင်သာယာမြို့နယ် အောင်ဇေယျ(ကြိုးတံတား)၊ ဘုရင့်နောင်တံတား၊ ရွှေပြည်သာတံတားတွေမှာ စစ်ကောင်စီတပ်တွေက ဘယ်ညာ အဝင်အထွက် တားဆီးစစ်ဆေး နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

တက္ကစီတွေတွေဆိုရင်လည်း ကားပေါ်ပါလာသူတွေကို ဆင်းခိုင်းပြီး ရှာဖွေစစ်ဆေးတာ အပါအဝင် မြို့နယ်တွင်း နေရာအတော်တော်များများကို ပိတ်ဆို့ရှာဖွေနေတာကြောင့် မြို့တွင်း ယာဥ်ကြောကြပ်တဲ့အထိ  လမ်းပိတ်ဆို့နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013