DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားတွေရှိရာ စမွတ်ပရကန်စက်မှုဇုန် ရေကြီးပြီး စက်ရုံများ ပိတ်ထားရ
DVB
·
August 30, 2021
မြန်မာရွှေ့ပြောင်းလုပ်သားတွေရှိရာ စမွတ်ပရကန်စက်မှုဇုန် ရေကြီးပြီး စက်ရုံများ ပိတ်ထားရ
1 / 4
Donate to DVB

မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိရာ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်မြို့မှာ ဩဂုတ် ၂၉ ရက် မနေ့ညက တညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့နောက် ဒီမနက်မှာတော့ လူနေအိမ်ခြေရပ်ကွက်တွေထဲ ရေကြီးနေပါတယ်။ 

အထူးသဖြင့် ဘန်ဖူးရပ်ကွက်နဲ့ ဘန်ဖရီရပ်ကွက်- စက်မှုဇုန်ထဲမှာဆိုရင် ရေတွေဟာ အမြင့် ၁ မီတာထိ တက်လာတာကြောင့် မော်တော်ကားနဲ့ ဆိုင်ကယ်တွေ ရေနစ်နေပြီး ပစ္စည်းတွေလည်း ပြောင်းရွှေ့သယ်ထုတ်ဖို့ရာ အလျင်မမီတာကြောင့် ဆုံးရှုံးမှုတွေများ နေကြောင်း၊  အီလက်ထနော နစ်စက်ရုံနဲ့တကွ အခြားစက်ရုံအလုပ်ရုံတွေပါ ပိတ်ထားရတယ်လို့ ချနယ်လ် ၈ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

ရေကြီးလို့ လမ်းတွေပိတ်နေတာကြောင့် ရေထဲပိတ်မိသူတွေ ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့က ထမင်းထုတ်တွေလိုက်ဝေနေကာ တဘက်ကလည်း ရေတွေစုတ်ထုတ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စမွတ်ပရကန်စက်မှုဇုန်ထဲမှာ မြန်မာလုပ်သားတွေလည်း အမြောက်အမြားဝင်ရောက် လုပ်ကိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013