Home
မြန်မာသတင်း
ရွှေဘိုမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား
DVB
·
August 29, 2021
240402283_322078752991825_3713620965249669954_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ချီပါစုရပ်၊ ဆုတောင်းပြည့်ဘုရားလမ်း ရွှေဘိုရွှေဆိုင်အနီးမှာ ဩဂုတ် ၂၉ ရက် မနက် ၁၁ နာရီလောက်က  သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရကာ ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်တယ်လို့  မျက်မြင်တွေက ပြောပါတယ်။

သေဆုံးသူဟာ ရွှေဘိုမြို့ သရဲကုန်း‌ ခေါ် အောင်မင်္ဂလာရပ်ကွက်မှာ‌နေထိုင်တဲ့ပန်းရံဆရာ ဦးစိုးတင့်လို့သိရပြီး  စစ်ကောင်စီကို သတင်းပေး ဒလန်လုပ်နေသူတစ်ဦးလို့လည်း လူသိများသူ ဖြစ်ပါတယ်။

“သူတို့က‌ ရွှေပေါင်သလား၊ ဝယ်သလား မသိဘူး ၊ ရွှေဘိုရွှေဆိုင်ထဲကထွက်အလာ ဆိုင်ကယ်နဲ့လူက သေနတ်နဲ့သုံးချက်ပစ်သွားတာ။ လဲကျသွားတယ်။ သေဖိုများပါတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ အရပ်ဝတ်ရဲတွေက လူစီးကားတွေနဲ့ တမြို့လုံးပတ်နေကြပြီး တချို့နေရာတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024