DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ကို ဆန့်ကျင်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
December 14, 2013
ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ကို ဆန့်ကျင်ခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်တာဟာ တပ်မတော်ကို ဆန့်ကျင်တာ မဟုတ်ဘဲ တပ်မတော်နဲ့ပြည်သူအကြား တသွေးတသားတည်း ဖြစ်အောင်လို့ လုပ်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာမှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့  ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပြည်သူ့ဆန္ဒရယူပွဲ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

z6 copyဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍယူရေးကိစ္စတွေကို ကျမတို့ ဖြစ်ချင်တာက တပ်မတော်ကို ဆန့်ကျင်ဖို့ မဟုတ်ဘူး၊ တပ်မတော်နဲ့ ပြည်သူနဲ့အကြားမှာ တသွေးတသားတည်း ဖြစ်ချင်လို့ ဆိုတာကို အများသိစေချင်ပါတယ်။ အခုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တနည်းအားဖြင့် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပေးရုံသာမက ပြည်သူကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ပဲ ကျမ ဒီလိုပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ တပ်မတော်ကို အမြင်မမှားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“၇၅ ရာခိုင်နှုန်း ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ်တွေထဲကနေပြီး ဆန့်ကျင်မယ်ဆိုရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါတို့ရဲ့ လိုအင်ဆန္ဒတွေကို ဆန့်ကျင်တာ တပ်မတော်ဆိုပြီးတော့ မတွေးရဘူး။ ဒါဟာ တပ်မတော်ကို တရားခံဖြစ်အောင်လုပ်တယ်လို့ပဲ ကျမမြင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ကော့မှူးမြို့နယ် ပြည်သူ့ဆန္ဒရယူတဲ့ပွဲမှာ အန်အယ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နဲ့ စိန်ဂျွန်း ဦးဌေးဦးတို့က ဖွဲ့စည်းပုံမှာ ဘယ်လိုအချက်တွေကို ပြင်ဆင်သင့်ပုံတွေကို ပြည်သူတွေထံ ရှင်းလင်းဟောပြောခဲ့ကြပါတယ်။
ဒီနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲအခမ်းအနားကို ပြည်သူ ၃ သောင်းလောက် ဆက်ရောက်ပြီး ၉၉ ရာခိုင်နှုန်းက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲပြုလုပ်သွားဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲမှာလည်း လူထု ၂ သောင်းလောက် တက်ရောက်ခဲ့ကြပြီး ၈၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကို ဆန္ဒမဲပေးခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့  ​ဗိုလ်​စိန်​မှန် ​အား​က​စား​ကွင်း​ကြီး​မှာ ​ပြု​လုပ်​ခဲ့​တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲမှာလည်း လူထု ၂ သောင်းကျော် တက်ရောက်ခဲ့ပြီး ၉၉ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့စည်း​ပုံ​ပြင်​ရေး ​မဲ​ပေး​ခဲ့​ကြ​ပါ​တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်​အယ်လ်​ဒီ) ​​ဟာ ၂၀၀၈ ​ဖွဲ့စည်း​ပုံ​ကို ​ပြင်​ဆင်​မ​လား၊ ​အ​သစ်​ရေး​ဆွဲ​မ​လား ​ဆို​တာ​နဲ့ပတ်​သက်​ပြီး ​လူ​ထု ​ဆ​န္ဒခံ​ယူ​ပွဲ​တွေ​ကို ​မြန်​မာ​နိုင်​ငံ​တ၀န်း ​လှည့်​လည်​ပြုလုပ်​နေ​တာ​ပါ။
ကောက်​ခံ​ရ​ရှိ​လာ​တဲ့ ​ပြည်​သူ့ဆ​န္ဒသ​ဘော​ထား​ကို ​စု​စည်း​ပြီး ​လွှတ်​တော်​က​ဖွဲ့စည်း​ပေး​ထား​တဲ့ ​ဖွဲ့စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​လေ့​လာ​သုံး​သပ်​ရေး ​ပူး​ပေါင်း​ကော်​မ​တီ​ဆီ​ပေး​ပို့​မှာ ​ဖြစ်​ပါ​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013