DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စေတနာ့ဝန်ထမ်း လူငယ်များက ဆေးဝါးနှင့် အစားအစာ အခမဲ့သယ်ယူပို့ဆောင်ပေး
DVB
·
August 28, 2021
မန္တလေးတွင် စေတနာ့ဝန်ထမ်း လူငယ်များက ဆေးဝါးနှင့် အစားအစာ အခမဲ့သယ်ယူပို့ဆောင်ပေး
1 / 5
Donate to DVB

မန္တလေးမြို့မှာ ဆေးဝါးနဲ့ အစားအသောက် အခမဲ့ သယ်ယူပို့ဆောင်ရေးကူညီမှုအစီအစဉ်ကို ဇူလိုင် ၂၁ ရက်က စတင်ပြုလုပ်နေတယ်လို့ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကနေ သိရပါတယ်။

Green Cross Rescue (ချမ်းမြသာစည်) ရဲ့ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ကို ပြည်သူမှပြည်သူသို့ ကူညီချင်တဲ့ လူငယ်တွေ စုစည်းဖွဲ့စည်းထားတာပါ။

ဒီအဖွဲ့ဟာ အမှန်တကယ် လူနာနဲ့ လူနာရှိတဲ့ အိမ်၊ အမှန်တကယ် ခက်ခဲနေတဲ့အိမ်တွေ၊ အိမ်ပြင် မထွက်နိုင်တဲ့ လူနာနဲ့ တအိမ်လုံးနီးပါး ကျန်းမာရေး ချို့ယွင်းနေတဲ့ အိမ်တွေကိုသာ ပို့ဆောင်ခ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

လူနာမရှိဘဲ အကူအညီ မတောင်းခံကြဖို့နဲ့ သာမန်အခက်အခဲထက်မပိုတဲ့ အိမ်ထောင်စုတွေအနေနဲ့ အလှူမခံကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဆေးဝါးနှင့် အစားအသောက် ကူညီပို့ဆောင်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ အိမ်အရောက် ဆေးဝါးနဲ့ အစားအစာတွေ သယ်ယူပို့ဆောင်ရေး အခမဲ့ အကူအညီရယူလိုပါက 09- 880 695 119 သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013