DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်ချေမှုန်းရေးလုပ်သွားမည်ဟု မြန်မာပြည်အလယ်ပိုင်းအခြေစိုက် ထနောင်းတပ် (H.T.F)ပြော
DVB
·
August 27, 2021
တိုက်ခိုက်ချေမှုန်းရေးလုပ်သွားမည်ဟု မြန်မာပြည်အလယ်ပိုင်းအခြေစိုက် ထနောင်းတပ် (H.T.F)ပြော
Donate to DVB

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့  မြို့ပြပြောက်ကျားတိုက်ခိုက်ရေးကနေ တိုက်ခိုက်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေပြီလို့ မြန်မာပြည် အလယ်ပိုင်း အင်အားစုတွေနဲ့  ဖွဲ့စည်းထားတဲ့ ထနောင်းတပ် (H.T.F)က  ဒီဗွီဘီကို ပြောပါတယ်။

ထနောင်းတပ်ဖွဲ့ကို ပြီးခဲ့တဲ့  မတ်လ ၂၇ ရက်နေ့ကစတင်ပြီး  ရမည်းသင်း၊ ပျော်ဘွယ်အပါအဝင် ၈ မြို့နယ်က  စစ်အာဏာရှင်ဆန့်ကျင်တော်လှန်လိုတဲ့ ပြည်သူတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ နယ်မြေထိစပ်နေတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်လှုပ်ရှားနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို ဘယ်လိုတိုက်ခိုက်ချေမှုန်းမလဲဆိုတဲ့ ဗျူဟာရရှိဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ တပ်တချို့နဲ့ ချိတ်ဆက်နေတယ်လို့ ထနောင်းတပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တပ်အနေနဲ့ ဘာအခက်အခဲတွေရှိလဲဆိုတော့ အဓိကက မြေမျက်နှာသွင်ပြင် အနေအထားအရ ကျနော်တို့တပ်အနေနဲ့ စုဖွဲ့အင်အားသုံးဖို့ မလွယ်ကူသေးဘူး။ လတ်တလောတော့ တိုက်ပွဲရှိတဲ့ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ရေးအတွေ့အကြုံယူနေပါတယ်။ ဒီအခက်အခဲကိုလည်း မကြာခင်ပြေလည်အောင် လုပ်ဆောင်ဖို့ ရှိပါတယ်။ နောက်တစ်ချက်က ရန်ပုံငွေပါ။ ကျနော်တို့တပ်က သိပ်ရှေ့ထွက်လို့မရတဲ့အနေအထားရှိတာကြောင့် အလှူရှင်တွေနဲ့ ချိတ်ဆက်မှုပိုင်းမှာ အားနည်းပါတယ်။ ကျန်တာကတော့ သူလိုကိုယ်လိုပါဘဲ။ ကြုံလာတဲ့ အခက်အခဲတိုင်းကိုတော့ ကျော်လွှားပြီး ရည်မှန်းချက်အတိုင်း ဆက်သွားပါမယ်။” 

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ ရည်ရွယ်ပြီး  ထနောင်းတပ် (H.T.F) အဖွဲ့ကို မတ်လ ၂၇ ရက်နေ့ကတည်းက  မြေအောက်အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်ဖွဲ့အနေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ရည်မှန်းချက်တူတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်း တိုက်ပွဲဝင်သွားမယ်၊ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ နှောင်ကြိုးမဲ့တော်လှန်ရေး တစ်ရပ် ဖော်ဆောင်သွားမယ်လို့ လည်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013