DVB Logo
Home
Lead Story
ပါပူးအန် အခွင့်အရေးအတွက် မနားမနေ တိုက်ပွဲဝင်နေသည့် ဖာသာ ရွန်းဂါး
DVB
·
December 14, 2013
ပါပူးအန် အခွင့်အရေးအတွက် မနားမနေ တိုက်ပွဲဝင်နေသည့် ဖာသာ ရွန်းဂါး
1 / 2
Donate to DVB

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော်က အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်ဒိုနီးရှားပြည်နယ် ပါပူးဝါမှာ ဖြစ်ခဲ့တဲ့ ရာပေါင်းများစွာရှိတဲ့ အမှု တွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

[caption id="attachment_48409" align="alignright" width="300"]ဖာသာ ဂျိုဟန်နက်စ် ရွန်းဂါး ဖာသာ ဂျိုဟန်နက်စ် ရွန်းဂါး[/caption]

Indonesia_Human_Right_web_131207_672 copyအဲဒီအမှုတွေမှာ ပုလိပ်၊ စစ်တပ်နဲ့ ထောက်လှမ်းရေးအရာရှိတွေ၊ အကျဉ်းထောင်အစောင့် တွေက ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကိုင်တွယ်ရာမှာ အလွန်အကျွံ အင်အားသုံးတာတွေ ရှိခဲ့ပါတယ်။

အန္တရာယ်ရှိပေမယ့် ဖာသာ ဂျိုဟန်နက်စ် ရွန်းဂါးက ဒေသခံ ပြည်သူလူထုကို သူတို့ရဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ဆက်ပြီး ပညာပေးနေဆဲ ဖြစ်ပါတယ်။

ပါပူးဝါ ၀ါမင်နာက ဘာလီယမ် မြစ်နားမှာ နေထိုင်တဲ့ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဖာသာ ဂျိုဟန်နက်စ် ရွန်းဂါးက “ဒါ ကျနော်ရဲ့ မနက်ပိုင်း လုပ်ဆောင်နေကျ အလုပ်ပါ။ ကြက်တွေနဲ့ ငါးတွေကို အစာ ကျွေးတာပါ” လို့ ပြောပါတယ်။

သူ့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဒါမီးယားနပ်စ် ၀က်တာပိုက မွေးမြူရေးနဲ့ ပတ်သက်ပြီး ဖာသာ ဂျိုဟန်နက်စ် ရွန်းဂါးဆီက သင်ယူချင်တယ်လို့ ပြောပါတယ်။

“ကျနော်က ငါးကန်တွေကို ဘယ်လို စောင့်ရှောက်ရတယ်ဆိုတာကို သင်ယူချင်တာပါ။ ဖာသာ ရွန်းဂါးက ကျနော်တို့ကို နမူနာကောင်းတွေ အများကြီး ပြပေးခဲ့ပါတယ်။ ဒေသခံတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီမှာ သူကို ရထားတာကို ပျော်ရွှင် ၀မ်းသာအားရ ရှိကြပါတယ်။ ကျနော်တို့မှာ အခု လှုပ်ရှားမှု မျာများစားစား မရှိသေးပါဘူး။သူက ကျနော်တို့ကို စောင့်ရှောက်ပါ တယ်။.”

ဝါမင်နာဟာ ဖာသာ ရွန်းဂါးအတွက် အိမ်အသစ်ပါ။ ဒါပေမယ့် သူ ဒီပြည်နယ်မှာ နေတာ အနှစ် ၃၀ နီးပါး ရှိနေပါပြီ။ အဲဒီကာလတွေအတွင်း ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မတော်မတရား လုပ်ခံရတာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“ပါပူးအန်တွေအတွက် အဲဒါက နိုင်ငံရေးနဲ့ ပိုပတ်သက်ပါတယ်။ သူတို့ရဲ့ စကားပြောဆိုခွင့် နဲ့ ပတ်သက်ပါတယ်။ သူတို့က တရားမျှတမှုအတွက် ဆန့်ကျင်ကန့်ကွက် ဒါမှမဟုတ် တိုက်ခိုက်တဲ့အချိန်မှာ အာဏာပိုင်တွေက သူတို့ကို တားဆီးခဲ့ပါတယ်။ အဲဒါက တကယ်ပဲ အန္တရာယ် ရှိတယ်လို့ ကျနော် ထင်တယ်လေ။”

၂၀၀၇ ခုနှစ်မှာ အင်ဒိုနီးရှားစစ်တပ်က ပါပူးဝါ လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့ ဒါမှမဟုတ် အိုပီအမ်လှုပ်ရှားမှုဝင်တွေကို ၀ိုင်းတဲ့စစ်ဆင်ရေးတခုကို စလုပ်ခဲ့ပါတယ်။

ဒီ လှုပ်ရှားမှုက အင်ဒိုနီးရှားမှာ တရားမ၀င် ဖြစ်ပြီး လှုပ်ရှားမှုကို ထောက်ခံတဲ့သူတွေ အများကြီး အကျဉ်းထောင်ထဲ ရောက်နေကြရပါတယ်။

ဒါပေမယ့် ဖာသာ ရွန်းဂါးက စစ်တပ်ရဲ့ ခြိမ်းခြောက်မှု ခံနေရတဲ့ ဒေသခံပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပါတယ်။

“စစ်တပ်နဲ့ ပုလိပ်အရာရှိတွေကို ကျနော် တိုက်ခိုက်ရပါမယ်။ သူတို့က ကျနော်ကို အိုပီအမ်ရဲ့ ဖခင်လို့တောင် ခေါ်နိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက အိုပီအမ်နဲ့ အင်ဒိုနီးရှားစစ်တပ်တို့ တဖက်နဲ့ တဖက် တိုက်ခိုက်နေကြတာ၊ သတ်ဖြတ် ပစ်ခတ်နေကြတာကို ဘယ်လို ရပ်ဆိုင်းမယ် ဆိုတာပါပဲ။ ကျနော်က ပိုပြီး လူသားချင်း စာနာထောက်ထားတဲ့ နည်းကို အသုံးပြုဖို့ ကြိုးစားနေပါတယ်။ အိုပီအမ်အဖွဲ့ဝင်တွေ ဒါမှမဟုတ် အင်ဒိုနီးရှားစစ်တပ်ဟာ မွတ်စလင်တွေ ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမယ့် ကျနော်တို့က လူသားချင်း စာနာထောက်ထားမှု
အကြောင်း ပြောမယ်ဆိုရင် ခွဲခြားမှုတွေ မရှိပါဘူး။”

၂၀၀၉ ခုနှစ်မှာ ဖာသာ ရွန်းဂါးဟာ သူရဲ့ ပါပူးအန် အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးမှု အတွက် ရက်ပ်သီယမ်ဟိုင်ရန်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ဒီဆုဟာ အင်ဒိုနီးရှားရဲ့ လူ့အခွင့်အရေး ဂုဏ်သိက္ခာ အမြင့်ဆုံးဆုပါ။ အင်ဒိုနီးရှား တရုတ်လူမျိုး ရှေ့နေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တယောက်ရဲ့ နာမည် ပေးထားတဲ့ ဆုပါ။

ဒီနေ့ထိအောင်ပဲ သူက လူ့အခွင့်အရေးအတွက် ဆက်ပြီး နေ့စဉ် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါ တယ်။

သူ့ရဲ့ အဦးအစ ဆောင်ရွက်မှုတွေထဲက တခုကတော့  မြို့ကို ရင်းနှီးမြှုပ်နှံသူတယောက် ရောက်လာပြီးချိန်မှာ ကွမ်းသီးတွေ ရောင်းဖို့ ကြိုးစားနေကြတဲ့ ပါပူးအန် အမျိုးသမီးတွေကို အထောက်အကူ ပေးဖို့ ဆောင်ရွက်နေတာပါ။

“ကျနော်က သူတို့ကို အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လို ခံစားရသလဲလို့ မေးပါတယ်။ ကွမ်းသီး ဆက်ရောင်းဖို့ ခင်ဗျားတို့ကို အစိုးရက အထောက်အကူပေးသလား။ ကျနော်တို့က သူတို့ လွှတ်တော်ကို သွားချင်တယ်ဆိုရင် သူတို့ကို အတူတူ စုစည်းပေးပါတယ်။ ကူညီပံ့ပိုး ပေးပါတယ်။ စကားပြောကြပါ စိတ်မပူပါနဲ့။”

ဆယ်လီရာ ၀င်ဒါကတော့ ဆိုင်ကြီးတွေရဲ့ ခြိမ်းခြောက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ “ကြီးမားတဲ့ ရင်းနှီးမြှပ်နှံသူတွေက ဆိုင်တွေမှာ ကွမ်းသီး ရောင်းပါတယ်။ ကျမတို့က ပါပူးအန်တွေပါ။ ဒါပေမယ့် အစိုးရက ကျမတို့ကို အကူအညီ မပေးပါဘူး။ ”

ဖာသာ ရွန်းဂါးရဲ့ အဆိုအရ ပါပူးအန်တွေဟာ အင်ဒိုနီးရှားအစိုးရရဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရနဲ့ ယဉ်ကျေးမှုအရ ပယ်ထားတာကို ခံနေကြရပါတယ်။

ဒီကိစ္စကို ရေရှည် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ဖာသာ ရွန်းဂါးက ပါပူးအန်အသံများလို့ ခေါ်တဲ့ လူ့အခွင့်အရေးကိစ္စတွေကို ကြောင့်ကြမှုရှိနေကြတဲ့ ပါပူးအန်လူငယ်အုပ်စု တခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။

သူက ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက် တိုက်ခိုက်ကြဖို့ လူငယ်မျိုးဆက်သစ်တွေကို နိုးကြားအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျနော်တို့က လူငယ်တွေကို စုံစမ်းစစ်ဆေးတတ်ဖို့နဲ့ ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ရေးသား တင်ပြတတ်ဖို့ သင်ပေးပါတယ်။ ဒီအချိန်က မြားတွေ၊ လှံတွေ ဒါမှမဟုတ် သေနတ်တွေ သုံးရမယ့်အချိန် မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ကလောင်နဲ့ တိုက်ခိုက်ကြပါစို့ဗျာ။ ကျနော်တို့ ပတ်လည်မှာ ရှိနေတဲ့ မတရားမှုတွေကို ကြည့်ပြီး အဲဒါတွေကို ရေးကြရပါမယ်။”

ဂျကာတာအခြေစိုက် လူ့အခွင့်အရေး အန်ဂျီအို  အင်ပါးဆီရဲလ်က ဖာသာ ရွန်းဂါးကို သူရဲ့စတင် ဆောင်ရွက်မှုသစ်အတွက် အကူအညီပေးနေပါတယ်။

အင်ပါးဆီရဲလ် ရဲ့ အမှုဆောင်ဒါရိုက်တာ ပီရင်ကီ အင်ဒတ်တီက “ကျမတို့က ဖာသာ ရွန်းဂါးရဲ့ကျောင်းသားတွေကို သင်တန်းပေးပါတယ်။ ကျမတို့က ကီးရွမ်နဲ့ ၀ါမင်နာမှာ ငြိမ်းချမ်းရေးရွာတည်ဆောက်ဖို့ သူကို အကူအညီ ပေးချင်ပါတယ်။ အဲဒါဟာ ဖာသာ ရွန်းဂါးနဲ့ ပတ်သက်ပြီး ကျမ အလေးစားအနှစ်သက်ဆုံးပါ။ သူက အကြောက်တရားကို ဘယ်တော့မှ မပြခဲ့ပါဘူး” လို့ ပြောပါတယ်။

ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဖြစ်တဲ့ ဖာသာ ဘင်နီဂျိုင်ရေးက ဖာသာ ရွန်းဂါးဟာ အစားထိုးလို့ မရတဲ့သူတယောက်လို့ ဆိုပါတယ်။

“သူက လူ့အဖွဲ့အစည်းနဲ့ တကယ်ပဲ အပြန်အလှန် ဆောင်ရွက်မှု ကောင်းကောင်း လုပ်နိုင်ပါတယ်လို့ ကျနော် ထင်တယ်လေ။ အဲဒါဟာ အရေးအကြီးဆုံးအရာလည်း ဖြစ်ပါတယ်။ သူက ဒေသခံပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်တယ် ဒုက္ခခံတယ်ဗျာ။ ဒါပေမယ့် သူက ပြည်သူတွေ ကို ထွက်ပေါက်တခုရှိတယ်လို့လည်း ပြနိုင်တယ်လေ။ အဲဒါဟာ သူ အကောင်းဆုံး လုပ်နေတဲ့ အရာပါပဲဗျာ။”

မိုဟာမက်အီဟန်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013