Home
မြန်မာသတင်း
ရေးမြို့၌ ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
August 27, 2021
239606948_510391796675485_1809421500558542764_n-1

မွန်ပြည်နယ် ရေးမြို့ စကားတောင်ဘုရားလမ်းဆုံမှာ စစ်တပ်က ပြည်သူနှစ်ဦးကို သြဂုတ် ၂၇ ရက် မနက်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

အခုလိုအကြောင်းပြချက်မရှိဘဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ၁ ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁ ဦးကိုတော့ ဆက်ပြီး ထိန်းသိမ်းထားခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်ကျေးရွာတွေအတွင်း အရပ်ဝတ်တွေနဲ့ နေဘက်တွေမှာ လှည့်လည်စောင့် ကြည့်တာတွေကို  ခပ်စိပ်စိပ်လုပ်ဆောင်လာပြီး မသင်္ကာတဲ့သူတွေကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ရေးမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်သူတွေအနက် ဒီနေ့အထိ မတရားဖမ်းဆီး ခံထားရသူနဲ့ ထိန်းသိမ်းခံရထားသူ အယောက် ၃၀ အထက် ရှိတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024