Home
မြန်မာသတင်း
ယူနန်-မြန်မာစီးပွားရေးစင်္ကြံ‌ရထားလမ်း တရုတ်ဘက်ခြမ်းတွင် စတင်ပြေးဆွဲ
DVB
·
August 27, 2021
Untitled-3
china-myanmar train
239513909_510391896675475_5601433380964209208_n
239573669_510391740008824_6988920063797784888_n
239606948_510391796675485_1809421500558542764_n
239581916_510391833342148_7174288092089947341_n

တရုတ်နိုင်ငံယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံရန်ကုန်ကို ပြေးဆွဲမယ့်  အိန္ဒိယသမုဒ္ဒရာ စီးပွားရေးစင်္ကြံ‌ရဲ့ လမ်းပိုင်းဖြစ်တဲ့ တရုတ်ဘက်ခြမ်းက ရထားလမ်းကြောင်းကို ဒီက‌နေ့ ဩဂုတ်လ ၂၇ ရက်က စတင်ပြေးဆွဲမယ်လို့ တရုတ်သတင်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံ အထက်ပိုင်းကနေ ဆင်းလာတဲ့ ရထားက လက်ရှိ လင်ချင်း (Lincang) မှာရောက်နေပြီလို့ ဒေသဆိုင်ရာ တရုတ်သတင်းမှ ဖော်ပြထားပါတယ်။

တရုတ်ဘက်ရောက် မြန်မာ နိုင်ငံသား တစ်ဦးက "လင်ချင်း (Lincang) ဆိုတာက ဝ ပြည်ရဲ့ ဟိုဘက်ကမ်းမှာ ဟုတ်တယ်။ ကိုးကန့် လောက်ကိုင် ဟိုဘက်ကမ်းကို လင်ချင်း (Lincang) လို့ခေါ်တယ်။ တရုတ်ဘက်ကမ်းနဲ့ ကျနော်တို့ မူဆယ် နဲ့ ရွှေလီ တို့လိုပဲ။ ရွှေလီလိုနေရာမှာ လင်ချင်း (Lincang) ဟုတ်တယ်။ ဒီဘက်ကမ်းက လောက်ကိုင် ဟုတ်တယ်။"လို့ ရှင်းပြပါတယ်။

အဲဒီ စီးပွားရေးလမ်းကြောင်းကနေအခု မြန်မာနိုင်ငံဘက်ကို ဝင်မှာဖြစ်ပြီး  မြန်မာနိုင်ငံ ရန်ကုန်ကနေ အဲဒီအထိဆိုရင် မိုင် ၁၁၀၀ ကျော်သာ ကွာဝေးတာ‌ကြောင့် ရက်နဲ့ တွက်မယ်ဆိုရင် တခြားနေရာကနေလာတာထက် ၂၅ ရက် အချိန်သက်သာတယ်လို့ လို့ တရုတ်သတင်းမှာ ပါရှိပါတယ်။

Crd# Chinese WeChat channel News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024