DVB Logo
Home
မြန်မာသတင်း
ကပေါင်းကျကျေးရွာကို စစ်အင်အားအလုံးအရင်းဖြင့်ဝင်စီး၊ ရွာသား ၁ ဦး ပစ်သတ်ခံရ
DVB
·
August 27, 2021
ကပေါင်းကျကျေးရွာကို စစ်အင်အားအလုံးအရင်းဖြင့်ဝင်စီး၊ ရွာသား ၁ ဦး ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ဩဂုတ် ၂၆ ရက် မနက် ၃ နာရီလောက်က စစ်ကား ၆ စီးနဲ့ စစ်အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ပါမကျန် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လယ်ယာလုပ်ငန်း လက်စမသိမ်းသေးတဲ့ တောင်သူအချို့ တောင်ယာသွားဖို့ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးကို စစ်ဆေးမေးမြန်းနေရင်း သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနက်စောစောဆိုတော့ တောသွားဖို့ နွားလှည်းတပ်ပြင်ဆင်နေတဲ့ ရွာမြောက်ပိုင်းက သားအဖနှစ်ယောက်ကိုဖမ်းသွားတယ်။ နွားကျွေးနေတဲ့ လူငယ်တစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းရင်း သေနတ်နဲ့ ပစ်သတ်သွားကြတယ်တဲ့။ သေတဲ့ကလေးက လွင်မိုး (၂၅) နှစ်လို့ပြောတယ်။ ရွာထဲက နွားတွေကိုသတ်ပြီး စာသင်ကျောင်းထဲ တဖွဲ့၊ ကန်ဘောင်မှာတဖွဲ့၊ ဝက်ပုတ်ရွှေမျောမှာတဖွဲ့ ချက်ပြုတ်စားနေကြတဲ့အပြင် စစ်သားတွေလာပို့တဲ့ ကားတွေပြန်တော့လည်း နွားတစ်ကောင်သတ်ပြီး တန့်ဆည်ကိုယူသွားသေးတယ်” လို့ ‌ပြောပါတယ်။

ညနေပိုင်းမှာလည်း ကပေါင်းကျရွာကို စစ်ကား ၂ စီး ထပ်လာရောက်ပြီး လက်နက်လို့ယူဆရတဲ့ ပစ္စည်းတွေချနေကြပြီး မိန်းကလေး ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးကာ ထမင်း ဟင်းချက်ခိုင်းနေတယ်လို့ ဆိုပါတယ်။

ရွာသူရွာသားတွေဟာ မနက်စောစော မိုးထဲရေထဲ ထွက်ပြေးခဲ့ကြရတဲ့အတွက် အစားအစာနဲ့ အမိုးအကာ  လိုအပ်နေကြတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ၇ ကြိမ်မြောက် ဝင်ရောက်စီးနင်းခံရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုဒဏ်အခံရဆုံး ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013