DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်နေ့ကို ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေး ဦးတည်ကျင်းပမည်
DVB
·
December 13, 2013
ရခိုင်ပြည်နယ်နေ့ကို ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေး ဦးတည်ကျင်းပမည်
Donate to DVB

၃၉ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ရန်ကုန်နဲ့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ ကျင်းပဖို့ ရှိနေပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ကျင်းပ သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

602px-Flag_of_Rakhine၃၉ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို  ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန် သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာ နဲ့ ဧရာဝတီတိုင်း ချောင်းသာ ကမ်းခြေမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဌာနက ကြီးမှူးပြီး ကျင်းပသွားဖို့ စဉ်နေတာပါ။

ဒီနှစ် အခမ်းအနာကို အနှစ်သာရရှိရှိ ကျင်းပသွားမယ်လို့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ဒီဗွီဘီကို ပြောပါတယ်။

“ရခိုင်ပြည်နယ်နေ့အခမ်းအနားမှာ အဆို ၃ ရပ် တင်သွင်းပြီး အခမ်းအနားကို အနှစ်သာရ ရှိရှိ ပြုလုပ်မှာပါ။ နံပတ် ၁ က ရခိုင်ပြည်မှာ ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီးတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ နံပတ် ၂ က ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေး၊ နံပတ် ၃ က ရခိုင်ပြည်နဲ့ မဟုတ်ပဲနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး အဆိုပါ။ အဆို ၃ ရပ်ကို တပ်ပြီး ထောက်ခံကြပါ့မယ်။ ဒီနှစ်ကတော့ နိုင်ငံရေး အနှစ်သာရ အပြည့်အ၀နဲ့ လုပ်တဲ့ ပွဲဖြစ်ပါတယ်။”

ဒါ့ပြင် ရန်ကုန်ရောက်လူမှုရေးအသင်း နဲ့ ရခိုင်မြို့နယ်အသင်း၊  ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့တွေ ပူးပေါင်းပြီး ရခိုင်ရိုးရာ အစားအစာရောင်းချပွဲ၊ ရခိုင့်ရိုးရာ တေးဂီတဖျော်ဖြေပွဲ၊ သမိုင်းဆိုင်ရာပြခန်းတွေနဲ့ စည်စည်ကားကားသွားမယ်လို့လည်း ဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ်က အခမ်းအနားကို ပြည်နယ်အစိုးရက ကြီးမှူးပြီး စစ်တွေမြို့   ဦးဥတ္တမခန်းမမှာ ကျင်းပသွားဖို့ ရှိပါတယ်။

အခမ်းအနားမှာ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့  ရခိုင် ၊ မြို၊ ခမိ ၊ ဒိုင်းနက်၊ သက်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စု ယဉ်ကျေးမှုကပွဲ၊ ၀တ်စားဆင်ယင်မှုပြပွဲ၊ ရိုးရာအားကစားပြိုင်ပွဲတွေနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအရ ရခိုင်တိုင်းကနေ ပြည်နယ်အဆင့် တိုးမြှင့်ခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကို အစွဲပြုပြီး ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွေ နှစ်စဉ်ကျင်းပလာတာဖြစ်ပြီး ဒီနှစ်ဆိုရင် ၃၉ နှစ် မြောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013