DVB Logo
Home
မြန်မာသတင်း
ရုရှားက Pantsir ဒုံးကာကွယ်ရေးစနစ် မြန်မာစစ်တပ်အတွက် အချိန်မီပို့ဆောင်မည်
DVB
·
August 26, 2021
ရုရှားက Pantsir ဒုံးကာကွယ်ရေးစနစ် မြန်မာစစ်တပ်အတွက် အချိန်မီပို့ဆောင်မည်
Donate to DVB

ရုရှားဟာ Pantsir ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို မြန်မာနိုင်ငံသို့ အချိန်မီပို့ဆောင်ပေး သွားမှာဖြစ်တယ်လို့ ရုရှားရဲ့ စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ် ဝန်ဆောင်မှုဌာန အကြီးအကဲရဲ့ ဩဂုတ် ၂၅ ရက် ပြောကြားချက်ကို ကိုးကားပြီး RIA သတင်းဌာနက ဖော်ပြပါတယ်။

Pantsir ဒုံးကျည်ကာကွယ်ရေးစနစ်တွေအတွက် မြန်မာနဲ့ ရုရှားတို့ဟာ ဇန်နဝါရီလမှာ သဘောတူညီမှုရရှိခဲ့တယ်လို့ ရုရှားလက်နက်အရာရှိ ဒီမီထရီရှူဂါယော့ကို ကိုးကားပြီး RIA သတင်းဌာနကထုတ်ပြန်တာပါ။ 

ဒါဟာ သက်ဆိုင်ရာ အရောင်းစာချုပ်တွေထဲမှာ ဖော်ပြထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။  ထရပ်ကားမှာ တပ်ဆင်ထားတဲ့စနစ်တွေက လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ချဖို့ အသုံးပြုပါတယ်။

ရုရှားအစိုးရဟာ လေယာဉ်တွေအပါအဝင် စစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ဖို့ မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ရုရှားနိုင်ငံရဲ့လက်နက်တင်ပို့ရေးအေဂျင်စီ Rosoboronexport ရဲ့အကြီးအကဲက ဩဂုတ် ၂၅ ရက်က  ပြောကြားခဲ့ပါတယ်။

“လေယာဉ်အပါအ၀င် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ကြားမှာ ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှုရှိတယ်”လို့ Rosoboronexport ရဲ့အကြီးအကဲ အက်ဇန္ဒြားမီခေးလ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းဌာမှာ ဖော်ပြတယ်။ 

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှက Rosoboronexport ရဲ့ အဓိက၀ယ်သူတွေထဲက တဦးဖြစ်ပြီး ရုရှားနိုင်ငံ အာကာသနဲ့ ကာကွယ်ရေးလုပ်ငန်းစု Rostec ရဲ့ အဓိကမိတ်ဖက်ဖြစ်တယ်လို့လည်းက ပြောပါတယ်။ 

ရုရှားကာကွယ်ရေး၀န်ကြီး ဆာဂျီရှိုးဂုဟာ အရင်လက မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှား ခရီးစဉ်အတွင်းမှာ မော်စကိုဟာ စစ်ဘက်ဆက်ဆံရေး ပိုမို ခိုင်မာစေဖို့ ကတိပြုပြောကြား ခဲ့ပါတယ်။ 

မကြာသေးမီနှစ်တွေအတွင်း မော်စကိုအစိုးရဟာ ထောင်ပေါင်းများစွာသော မြန်မာစစ်သားတွေကို စစ်တပ်လေ့ကျင့်ရေးနဲ့ တက္ကသိုလ်ပညာသင်ဆုတွေ ပေးအပ်ခြင်းအပြင် အနောက်နိုင်ငံအတော်များများက နာမည်ပျက်စာရင်း သွင်းထားတဲ့ မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချပေးတာကြောင့် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးက ပိုမိုကြီးထွားလာခဲ့တာပါ။ 

၂ နိုင်ငံ အပြန်အလှန် လည်ပတ်မှုတွေနဲ့ လက်နက်အရောင်းအဝယ်တွေ ဆက်လုပ်နေခြင်း အားဖြင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တဲ့ မြန်မာစစ်အုပ်စုကို တရားဝင် အသိအမှတ်ပြုခံရအောင် လုပ်ဆောင်နေတာလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ စွပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013