DVB Logo
Home
မြန်မာသတင်း
မြေဧက ၃၀၀၀ နီးပါး ကုမ္ပဏီကို ချပေးမှု ဒေသခံများ ကန့်ကွက်
DVB
·
December 13, 2013
မြေဧက ၃၀၀၀ နီးပါး ကုမ္ပဏီကို ချပေးမှု ဒေသခံများ ကန့်ကွက်
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ခုနှစ်မိုင် ကျေးရွာ အုပ်စု အတွင်းရှိ မြေဧက ၃၀၀၀ နီးပါးကို လျော်ဖြူစိုက်ပျိုးဖို့အတွက် ပုလဲရွှေစင် ကုမ္ပဏီကို ချပေးခဲ့တဲ့အပေါ် ဒေသခံတွေက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကန့်ကွက်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကနေ စတင်ပြီး အစိုးရက ဒေသခံတွေ ဘိုးစဉ်ဘောင်ဆက် မှီခိုလုပ်ကိုင်နေတဲ့ ပလပ် မြေဧက ၂၉၆၀ ကို ပုလဲရွှေစင် ကုမ္ပဏီကို ချပေးလိုက်တဲ့အတွက် ရွာပေါင်း ၁၁ ရွာက ရွာသားတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

tabaitgineဒီမြေတွေမှာ နဂိုအတိုင်း ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ရရေးအတွက်  ရွာသား ၇၀၀ လောက် လက်မှတ်ထိုးပြီး သမ္မတထံကို စာရေးသား ပေးပို့ခဲ့ပေမယ့် တစုံတရာ အကြောင်းမထူးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကန့်ကွက်တာလို့ သပိတ်ကျင်းမြို့နေ ဦးကျော်စိုးလှိုင်က အခုလို ပြောပါတယ်။

“ရည်ရွယ်ချက်က ၂ ချက်ရှိပါတယ်။ ပထမတချက်က လယ်တွေ လုပ်ကိုင်စရာ မရှိတော့ဘူး။  ၂ အချက်က အရေးကြီး သတ္တုတွေထွက်တဲ့အတွက် နိုင်ငံခြားသားတွေအတွက် မြေနေရာ ချမပေးသင့်ဘူးဆိုပြီး နိုင်ငံတော်အတွက် ကြည့်ပြီး ကျနော်တို့က ကန့်ကွက်တာဖြစ်ပါတယ်။”

လက်ရှိ ဒီမြေတွေပေါ်မှာ ကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် ရွာသားတွေအနေနဲ့ စားကျက်မြေပျောက်ဆုံးခဲ့ရပြီး လုပ်ကိုင်စားသောက်ဖို့ အခြေအနေမဲ့ဖြစ်ကာ  ဆင်းရဲ ဒုက္ခရောက်နေကြရတာပါ။

ရွာသား ကိုတင်စိုးက “ကျနော်တို့ ပြည်သူတွေက စားဝတ်နေရေးနဲ့တကွ စီးပွားရေး၊ လူမှုရေး၊  ကျန်းမာရေး၊ ပညာရေးတွေက အဲဒီအပေါ်မှာ ကျနော်တို့ မှီခိုနေရပါတယ်။ အဲဒီမြေပေါ်မှာ ဒေသခံတွေက တောင်ယာခင်းတွေ စိုက်ပျိုးထားတာ ရှိပါတယ်။ သဘာဝ တောတောင်က ထွက်တဲ့ သစ်တွေ၊ ၀ါးတွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြုလုပ်ပါတယ်။ ကျောက်တို့၊ သဲတို့၊ တွင်းထွက်နေရာဖြစ်လို့ ပတ္တမြားတို့၊ နီလာတို့ ရှာဖွေတာတွေ လုပ်ကိုင်စားသောက်ပါတယ်” လို့ ပြောပါတယ်။

ကုမ္ပဏီက   စီမံကိန်းတွေကို  ၂၀၁၃ စက်တင်ဘာလကနေ  စတင်အကောင်ထည်ဖော် နေတာဖြစ်ပြီး ရွာသားတွေရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး ပုလဲရွှေစင် ကုမ္ပဏီရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013