DVB Logo
Home
Lead Story
တယ်လီနော့ နောက်ထပ် လူ ၁၅၀ ကို အလုပ်ခန့်
DVB
·
December 13, 2013
တယ်လီနော့ နောက်ထပ် လူ ၁၅၀ ကို အလုပ်ခန့်
Donate to DVB

မြန်မာနိုင်ငံ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါအောင်မြင်ထားတဲ့ နော်ဝေ အခြေစိုက် တယ်လီနော (မြန်မာ) ဟာ အလုပ်လျှောက်ထားသူတွေထဲက အယောက် ၁၅၀ ကို အလုပ်ခန့်အပ်လွှာတွေ ပေးပို့ထားပြီး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_47770" align="alignright" width="300"]သီလ၀ါ အထူးစီးပှားရေးဇုနျအား တွေ့မြင်ရစဉ် သီလ၀ါ အထူးစီးပှားရေးဇုနျအား တွေ့မြင်ရစဉ်[/caption]

ကုမ္ပဏီအနေနဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ Telenor Myanmar Career Seminar မှာ အလုပ်လျှောက်လွှာ ၃ ထောင်ကျော်ရရှိခဲ့ပြီး လျှောက်လွှာပေါင်း ၈၀၀ ကို စိစစ်ရွေးချယ်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရေးဖြေနဲ့ လူတွေ့ စစ်ဆေးတာတွေ လုပ်ခဲ့ကြောင်း၊ အဲဒီအထဲကမှ ရွေးချယ်လိုက်တဲ့ အယောက် ၁၅၀ ကို စာပေးပို့ အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

တယ်လီနော(မြန်မာ)ဟာ ကုမ္ပဏီတခုလုံးက အရောင်းနဲ့ ဖြန့်ချိရေးဌာန၊ အိုင်တီဌာန၊ စာရင်းစစ်နဲ့ သုံးစွဲသူ ဆက်ဆံရေး စီမံခန့်ခွဲမှုဌာန အစရှိတဲ့ လုပ်ငန်းဌာနအမျိုးမျိုးက ရာထူးအဆင့် အမျိုးမျိုးအတွက် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံမရှိသေးတဲ့ ဘွဲ့ရပြီးစနဲ့ ဘွဲ့ကြိုလူငယ်များ အပါအဝင် ဝန်ထမ်းတွေကို ခေါ်ယူနေတာ ဖြစ်ပါတယ်။

တယ်လီနော (မြန်မာ) ဟာ လာမယ့် ၂၀၁၄ အကုန်အထိ ၀န်ထမ်း ၁ ထောင် လောက် ခန့်မယ့်အပြင် ပူးပေါင်းအလုပ်လုပ်မယ့် ကုမ္ပဏီတွေမှာလည်း အလုပ်အကိုင် နောက်ထပ် ၁ ထောင်လောက်ခေါ်ယူသွားဦးမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013