Home
မြန်မာသတင်း
ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌကို တိုကျိုတွင် ဒုတိယအကြိမ်ဆန္ဒပြ
DVB
·
August 25, 2021
240624649_10226826099456533_563952489545222804_n
240606810_10226826101336580_1456121721012685969_n
240568381_10226826125377181_7186156556125901573_n
240501061_10226826120297054_3458530549655585455_n
240465378_10226826123897144_2016499100482098873_n
240375880_10226826122137100_3315268860450370711_n
240260793_10226826099336530_1408835689755164593_n
240260793_10226826099336530_1408835689755164593_n (1)
240127232_10226826121337080_8201119982983271051_n
240114699_10226826102016597_964969050617817897_n
239999252_10226826102416607_2426690947314796049_n
239811981_10226826123417132_2312721535145359568_n
239635540_10226826119977046_3720066003767657778_n
239332065_10226826101536585_8498865635157588744_n
238818678_10226826120897069_4733961494851360985_n
237012430_10226826124257153_5751395137739244946_n
236426037_10226826124457158_6481136534774262620_n
236045040_10226826121657088_7900827872428875620_n
235756582_10226826119257028_1895220209661838054_n
235128001_10226826126297204_7550840028337988777_n
235064343_10226826102896619_1129830548947273851_n
234739682_10226826119697039_771679225387022916_n

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဆက်နွှယ်ပတ်သက်နေသူလို့ ဝေဖန်ခံနေရပြီး မြန်မာနိုင်ငံကို အကြိမ်များစွာဝင်ထွက်နေတဲ့ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ  မစ္စတာ ဝတနဘဲဟီဒဲအိုကို ဂျပန်ရောက်မြန်မာနိုင်ငံသားက ဩဂုတ် ၂၅ ရက်ညနေပိုင်းက တိုကျိုမြို့က အဆိုပါအသင်းရုံးခန်းရှေ့မှာ ဒုတိယအကြိမ်ဆန္ဒပြခဲ့ကြပါတယ်။

ဦးဆောင်သူတဦးဖြစ်တဲ့ မသိရီသစ္စာက “စစ်တပ်က မတရားသဖြင့် အာဏာသိမ်းပြီး ပြည်သူတွေကို မတရားအကြမ်းဖက်သတ်ဖြတ် နေတာကို လျစ်လျူရှုကာ မြန်မာပြည်သူတွေအကျိုးထက် ကိုယ်ကျိုးစီးပွားကိုအခြေခံပြီး စစ်အုပ်စုကို နောက်ကွယ်က အပေးယူများပြုနေပြီး စစ်အုပ်စုအလိုကျ မမှန်မကန်သတင်းတွေကို ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေကို ဆက်လက်ဖြန့်ဝေနေတာကြောင့် အခုလို ဒုတိယအကြိမ် လာရောက်ဆန္ဒပြရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဦးဆောင်သူ နောက်တဦးဖြစ်တဲ့ မဆွေဆက်အေးက “ပထမအကြိမ်ဆန္ဒပြပွဲကို ဧပြီလက ပြုလုပ်ခဲ့ပြီး ကျမတို့မြန်မာပြည်သူတွေရဲ့ သဘောထား တောင်းဆိုထားတာတွေကို လျစ်လျူရှုကာ စစ်ကောင်စီကို ဆက်လက်ဆက်ဆံနေတာဖြစ်လို့ ဒီအသင်းကြီး ဆက်မရှိသင့်တာကြောင့် အခုလို ဆန္ဒပြပြုလုပ်ရတာ” လို့ ရှင်းပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဂျပန်ရှိမြန်မာတိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနဲ့ မြန်မ့ာအရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုး များစုစုပေါင်း ၂၀၀ နီးပါး လာရောက်ခဲ့ပါတယ်။

ဂျပန်အစိုးရက စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း တရားဝင်ပြောကြားထားတဲ့ ကြားက ဂျပန်မြန်မာအသင်းအင်တာနက်စာမျက်နှာမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေ စစ်ကောင်စီ အောက် မြန်မာနိုင်ငံမှာပြန်လည်စတင်ဖို့ ပြင်ဆင်နေတာတွေ့ရလို့ ဂျပန်အန်ဂျီအိုတွေ အနေနဲ့ ဂျပန်အစိုးရကို မေးမြန်းဖိအားပေးရမယ်လို့လည်း ဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်းခဲ့သူ တိုကျိုခြေစိုက်ဂျပန် အန်ဂျီအို FOEမှ မစ္စ စပ်ချီ ခဝက  ဒီဗွီဘီကို ပြောပါတယ်။

မစ္စတာ ဝတနဘဲဟာ စစ်အာဏာမသိမ်းခင် သီတင်းပတ်ကလည်း မြန်မာပြည်ကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကာ  သူတို့နှစ်ဦးအကြား သားအဖသဖွယ် ရင်းနှီးဆက်ဆံမှုတွေ ရှိတယ်လို့ သူနဲ့ နီးစပ်သူတွေကပြောကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှု ပုဒ်မ၃၀၂ နဲ့ တရားစွဲတင်အရေးယူရင် မစ္စတာ ဝတနဘဲဟာလည်း မြန်မာပြည်သူတွေကို သတ်ဖြတ်မှုအတွက် အားပေးကူညီသူ ကြံရာပါအဖြစ်ပုဒ်မ ၃၀၄ အမှုမြောက်ကြောင် ဆန္ဒလာပြသူ ယိုကိုဟာမားနေ ဦးဝင်းကျော်က  ပြောပါတယ်။

ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌဟာ အာဏာသိမ်းပြီးနောက်မေလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို သွားရောက်ခဲ့ကာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့သလို စက်တင်ဘာလထဲမှာ မြန်မာပြည်ကိုထပ်မံသွားရောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024