DVB Logo
Home
မြန်မာသတင်း
CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်သည့် ကရင်နီပြည်နယ်ရဲ (KSP) ဖွဲ့စည်း
DVB
·
August 25, 2021
CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်သည့် ကရင်နီပြည်နယ်ရဲ (KSP) ဖွဲ့စည်း
Donate to DVB

စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ (CDM) ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်တဲ့ ကရင်နီပြည်နယ်ရဲကို ဖွဲ့စည်းကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ််

ဒါ့အပြင် ကရင်နီပြည်နယ်ရဲ (KSP) ဟာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ်စောင့်ရှာက်သွားမယ်လို့ KSCC ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့က လောလောဆယ်မှာကတော့ ကျနော်တို့ ပြည်နယ်အတွင်းမှာ ဥပဒေစိုးမိုးရေးဟာ လုံးဝ မရှိတော့ဘူးလေ။ ဘာကြောင့်လဲဆိုလို့ရှိရင် ဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးလုပ်ငန်း လုပ်နေတဲ့ ရဲတွေကလည်း အကုန်လုံး CDM ဖြစ်သွားပြီလေ။ ဖြစ်သွားပြီဆိုတော့ဒီကြား တော်လှန်ရေးကာလမှာက အမှုအခင်းပြဿနာတွေ ရှိလိမ့်မယ်။ ဒါတွေကို ကျနော်တို့က ကိုင်တွယ်ဖြေရှင်းသွားဖို့ရှိတယ်။ နောက်ပြီးမှ ပြည်သူလုံခြုံရေးအတွက် အခုဆိုရင် ကျနော်တို့ စစ်ဘေးရှောင်ဘဝ ရောက်နေတဲ့ပြည်သူလူထုတွေက ဒီစစ်ဘေးရှောင်တွေရဲ့ လုံခြုံရေးအတွက်က ကျနော်တို့ ပြည်နယ်ရဲအဖွဲ့က တာဝန်ယူသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ ပြည်သူ့ရဲ့လုံခြုံရေးကို ပေးမယ်။ နောက် ဥပဒေစိုးမိုးရေး၊ ဒီလုပ်ငန်းတွေကို ကျနော်တို့က ပြန်ပြီးမှ လုပ်ဆောင်မယ်ပေါ့နော်။ ဒီတော်လှန်ရေးကာလမှာ အဲဒါကို ဆိုလိုတာပါ။” 

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝန်းလုံးနဲ့ ကရင်နီပြည်နယ်အတွင်း ပြည်သူလူထုရဲ ဘဝလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍဟာ လုံးဝ ပျက်သုဉ်းနေတဲ့အတွက် ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ ပြည်သူထုရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်ရဲ (KSP) ဟာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ်စောင့်ရှာက်သွားမယ့် စံပြ ပြည်သူရဲ့တွေအဖြစ် တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ လိုအပ်ချက်အရ  လုပ်ငန်းစဉ်များချမှတ်ပြီး အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဟာ စစ်အာဏာရှင်အပြီးတိုင်း ချုပ်ငြိမ်းရေးအတွက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးအရ ဦးဆောင်မှုအောက်မှာ တိုက်ပွဲဝင်နေတဲ့ ပြည်နယ်ကာကွယ်ရေးအဖွဲ့ဖြစ်ကြောင်း  KSCC ထုတ်ပြန်ခဲ့ပါတယ်။ 

ကရင်နီအမျိုးသားများရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြားတိုင်းရင်းသားတွေနဲ့ ယှဉ်တွဲနေထိုင်သွားဖို့ ရည်ရွယ်ချက်နဲ့ ကြားကာလမှ စတင်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီပြည်မှာရှိတဲ့ ရွေးကောက်ခံ အမတ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အပါအဝင် ဘက်အသီးသီးက အင်အားစုတွေနဲ့ ဧပြီ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013