DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမျိုးအား စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်
DVB
·
August 25, 2021
ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမျိုးအား စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမ မျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်တဲ့ အာဏာကိုကျင့်သုံးပြီး မတ် ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ပြောင်းရွှေ့ခန့်အပ်တာ ဝန်အပ်နှင်းလိုက်တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကတော့ ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်ကာ အစိုးရအဖွဲ့မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေက ထင်ရှားသူတွေ ပါဝင်ပါတယ်။

အစိုးရအဖွဲ့ထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ တရားရေး ဝန်ကြီးဌာန၊ ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၁၅ ခုကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။      

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013