
လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ နှစ် ၄၀ ပြည့် အာဆီယံ- ဂျပန် ထိပ်သီးအစည်းအဝေးနဲ့ ဂျပန်-မဲခေါင် အစည်းအဝေးကို တက်ဖို့ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဂျပန်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အစည်းအဝေးကာလအတွင်း ဂျပန်ရင်းနှီးမြှုပ်နှံမှုနဲ့ အဓိက အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရက မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ ညီမျှတဲ့ ဂျပန်ယန်း ၆၀ ဘီလီယံ ချေးပေးမယ့် စာချုပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။
လက်ရှိ မြန်မာနိုင်ငံ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ဂျပန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး အခြားကဏ္ဍပေါင်းစုံမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။











