DVB Logo
Home
Lead Story
ဆီးဂိမ်း ချီးမြှင့်ငွေ မသေမချာဖြစ်
DVB
·
December 13, 2013
ဆီးဂိမ်း ချီးမြှင့်ငွေ မသေမချာဖြစ်
Donate to DVB

အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ နဂိုက ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု ရသူကို ကျပ်ငွေ သိန်း ၁၀၀၊ ငွေတံဆိပ် ကျပ်ငွေ သိန်း ၅၀၊ ကြေးတံဆိပ် ကျပ်ငွေ သိန်း ၃၀ ချီးမြှင့်မယ်လို့ ကတိပေးထားပေမယ့် အခု ငွေရေးကြေးရေး အခြေအနေကြောင့် ဆုကြေးငွေကို လျော့ချ သတ်မှတ်လိုက်တယ်လို့ ဘိလိယက်နဲ့ စနူကာ ပြိုင်ပွဲ တာဝန်ရှိသူတယောက်က ပြောပြပါတယ်။

6လက်ရှိ ၀န်ကြီးဌာနက ရွှေရသူတယောက်ကို ကျပ် ၇ သိန်း၊ ငွေ ၅ သိန်း၊ ကြေး ၃ သိန်း ချီးမြှင့်မယ်လို့ သတ်မှတ်ထားပေမယ့် တကယ်လက်တွေ့ကတော့ ပေးတဲ့အချိန်မှပဲ သိမယ်လို့ သူက ပြောပါတယ်။

အားကစားအမျိုးအစားအလိုက် ငွေကြေးပံ့ပိုးသူ လုပ်ငန်းရှင်တွေကတော့ ဆုကြေးငွေ အမျိုးမျိုး သတ်မှတ်ပေးထားတာ တွေ့ရပါတယ်။

စက်ဘီးဆိုရင် အဖွဲ့လိုက် ရွှေရရင် ကျပ် သိန်း ၁၀၀၊ တဦးချင်း ရွှေရရင် ကျပ် သိန်း ၅၀၊ ဘိလိယက်နဲ့ စနူကာ အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၅၀၊ ပန်ကြပ်ဆီလတ် အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၁၀၀၊ ဘောလုံးအသင်း ရွှေရရင် တယောက် သိန်း ၁၀၀ နဲ့ တသင်းလုံးအတွက် ကျပ် သိန်း ၂၃၀၀ စသဖြင့် ချီးမြှင့်မယ်လို့ ရွှေတောင်ကုမ္ပဏီ၊ ကမ္ဘောဇဘဏ်နဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေက သီးခြားစီ ကြေညာထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013