DVB Logo
Home
မြန်မာသတင်း
သမိုင်းဝင်အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁ ထွက်ရှိ
DVB
·
August 24, 2021
သမိုင်းဝင်အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁ ထွက်ရှိ
Donate to DVB

လွတ်လပ်ရေးကြိုးပမ်းမှုကာလက ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး သမိုင်းဝင် စာစောင်တခုဖြစ်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁  ထွက်ရှိလာပါတယ်။

ဒီစာစောင်ကိုတော့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က  စီစဉ်ထုတ်ဝေတာဖြစ်ကာ ပထမဆုံးပြန်လည်ထုတ်ဝေတာ ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဒီစာစောင်ကို အထူးထုတ်ဝေသွားဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုချိန်မှ ထွက်ရှိလာနိုင်ခဲ့တာပါ။

နောက်လာမယ့် အမှတ်စဉ်တွေမှာတော့ အိုးဝေစာစောင်ကို နှစ်ပတ် တကြိမ်ထုတ် ဝေသွားမှာဖြစ်ကာ သတင်း၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း၊ သရော် စာ၊ ဘာသာပြန်စတဲ့ကဏ္ဍတွေနဲ့ စောင့်မျှော် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ အတွဲ ၁ အမှတ် ၁ မှာ ဖတ်ရှုရမှာတွေကတော့

ကဗျာ

▪ ဓာတ်မတည့်ခြင်းများရဲ့ အောင်မြင်မှုတရားတော် - လူမန်း

▪ ကံ့ကော်တရာ - ရွှေကြယ်မိုး

▪ ၁၉၉၀ ကျော်နှစ်များက - ထက်လူအောင်

▪ မနက်ဖြန်မနက် ကျောင်းတက်မယ် - ရဲရင့်လင်္ကာ

ဆောင်းပါး

▪ ကိုဗစ်ကပ်ရောဂါနှင့် မြန်မာ့နိုင်ငံရေးအကြပ်အတည်း - YUOPS

▪ စံနဲ့စည်း (ဝါ) အစဉ်အလာ - အောင်စောဦး

▪ တော်လှန်ရေးကို ဘာကဦးဆောင်နေသလဲ - ညီညီ

▪ မပြီးဆုံးသေးတဲ့ ကျောင်းသားသပိတ် - YUOPS

▪ မ မရွေးစရာလမ်းနှစ်သွယ် - ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်

▪ ရေရှည်စစ်ပွဲ မရှောင်လွှဲသာ - ဇော်ဝင်း (၈၈ ဗကသ)

အက်ဆေး

▪ သူ့ခေါ်တယ်ထင်ပြီး လှည့်ကြည့်တယ် - ဆစ်ဝေ

သတင်း

▪ တပတ်အတွင်းသတင်းများစုစည်းမှုနှင့် သုံးသပ်ချက်များ - YUOPS

▪ တိုက်ပွဲအလံလွှင့်ထူနေဆဲ GSC - အောင်ဆက်

▪ လှိုင်သာယာမြို့နယ်က အထည်ချုပ်အလုပ်သမတဦးရဲ့ အတွေ့အကြုံများ - လုပ်သားစာမျက်နှာ

သရော်စာ

▪ သာပေါ်တို့တူဝရီး - Tim

---

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁ ကို ဒေါင်းလုတ်ရယူရန်

https://bit.ly/2WlWcjC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013