DVB Logo
Home
Lead Story
ဆီးဂိမ်းပွဲစဉ်များ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေး
DVB
·
December 13, 2013
ဆီးဂိမ်းပွဲစဉ်များ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေး
1 / 7
Donate to DVB

ကာ့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က နေပြည်တော် ၀ဏ္ဍသိဒ္ဒိ အားကစားကွင်းမှာ ပြုလုပ်တဲ့ ဆီးဂိမ်း ရေကူးပြိုင်ပွဲကို လာရောက် ကြည့်ရှုပြီး မြန်မာအသင်းနဲ့လည်း တွေ့ဆုံသွားပါတယ်။

ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက နေပြည်တော် ၀ဏ္ဍသိဒ္ဒိ မြင်းစီးကွင်းမှာ ဆီးဂိမ်းမြင်းစီးပြိုင်ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ် နာယက ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ဖိတ်ကြားချက်အရ မနက် ၉ နာရီက လာရောက် ကြည့်ရှုသွားပါတယ်။

ဒီပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတဲ့ မြန်မာ့အလှ အမည်ရ မြင်းလည်း ပါဝင်ယှဉ်ပြိုင်ပြီး မဲနှိုက်ဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား မြင်းစီးသမားက စီးမှာ ဖြစ်ပါတယ်။ အဲဒီ့ပွဲမှာပဲ ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရီဗင် နာဗရီ နာရီ ရတနာလည်း ပါဝင်ယှဉ်ပြိုင်နေတာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆီးဂိမ်း အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ဒီဇင်ဘာ ၁၃ရက် မနက် ၁၁နာရီက သွားရောက် ကြည့်ရှု အားပေးသွားပါတယ်။

[gallery ids="48344,48345,48346,48347,48348,48349,48350"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013