DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဆန်စျေးနှုန်း ထပ်မံမြင့်တက်လာ
DVB
·
August 24, 2021
ပြည်တွင်းဆန်စျေးနှုန်း ထပ်မံမြင့်တက်လာ
Donate to DVB

အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းတွေ  သီတင်းနှစ်ပတ်အတွင်း တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၄၀၀၀ ကျပ်အထိ စျေးထပ်မံ မြင့်တက်လာပါတယ်။

ဆန်အမျိုးအစားအပေါ်မူတည်ပြီး ပြည်တွင်းစားသုံးမူများတဲ့ ဆန်ချောစျေးနှုန်းတွေက တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၄၀၀၀ ကျပ်အထိ စျေးမြင့်တက်လာပြီး၊ ဆန်ကြမ်းစျေးနှုန်းကလည်း တစ်အိတ်ကို ၁၀၀၀ ကနေ ၁၅၀၀ ကြား စျေးတက်လာတာပါ။

ကိုဗစ်တတိယလှိုင်းရဲ အကျိုးဆက်ကြောင့် နယ်ဒေသတွေမှာ ဆန်စက်လုပ်ငန်းတွေ ပုံမှန်လည်ပတ် နိုင်ဖို့ခဲယဉ်းနေပြီး စျေးကွက်အတွင်းကို ဆန်အဝင်နည်းလာတာကြောင့် အခုလိုစျေးမြင့်တက်လာတာလို့ ကုန်သည်တွေက ပြောပါတယ်။

လက်တလောဆန်စျေးနှုန်းက ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းကဖြစ်ခဲ့တဲ့ စျေးနှုန်တွေနဲ့ နှိုင်းယှဉ်ရင် ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၄၀၀၀ ဝန်းကျင်စျေးမြင့်တက်ခဲ့ပြီး ဒေးဒရဲပေါ်ဆန်းနဲ့ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကျပ်ဝန်းကျင်၊ ကော့မှူး၊ တွံ့တေးဒေသထွက် ပေါ်ဆန်းဆန်တွေက တစ်အိတ်ကို ကျပ် ၁၀၀၀ ၀န်းကျင်နဲ့ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၂၀၀၀ ၀န်းကျင် စျေးအသီးသီးမြင့်တက်လာပါတယ်။ ရက် ၉၀ နဲ့သီးထပ် ဆန်ကလည်း တစ်အိတ်ကို ကျပ် ၁၀၀၀ ဝန်းကျင်စျေးတက်ပါတယ်။

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်က ပုံမှန်ထုတ်ပြန်တဲ့ ဆန်လက်ကားစျေးနှုန်း စာရင်းတွေအရ  လက်ရှိမှာ ဖျာပုံပေါ်ဆန်းက တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၅၀၀၀ ကြားစျေးရှိပြီး၊  ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၃၉၅၀၀ ကနေ ၄၁၀၀၀ ကျပ်၊  မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၄၀၀၀ ကနေ ၄၆၀၀၀ ကျပ်၊  ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၄၈၅၀၀ ကနေ ၅၁၅၀၀ စျေးဖြစ်ပေါ်နေပါတယ်။ 

ကော့မှူး၊ တွံ့တေးဒေသထွက် ပေါ်ဆန်းကတော့ တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၁၀၀၀စျေးရှိပြီး ဘိုကလေးဒေသထွက်  ရက်၉၀ အမျိုးအစား ဆန်က တစ်အိတ်ကို ကျပ် ၂၆၀၀၀ ကနေ ၂၆၅၀၀ ကြား စျေးရှိပါတယ်။

အခုလို ဆန်စျေးနှုန်းတွေ မြင့်တက်နေပေမဲ့ ဆန်ပြည်ပတင်ပို့မူတွေ လျော့နည်းနေတာကြောင့် ပြည်တွင်းမှာ ဆန်လက်ကျန်ဖူလှုံမူရှိနေတယ်လို့ ဆန်စပါးလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပြီး လာမဲ့လတွေမှာ စျေးကွက်ထဲကို ဆန်အသစ်တွေဝင်ရောက်လာမှာဖြစ်လို့ ဆန်အသစ်စျေးကျနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမူရဲ့ ရလဒ်ကြောင့် အလုပ်အကိုင်ဆုံးရှုံးမူတွေ များလာပြီး အိမ်ထောင်စုတွေမှာ မိသားစုဝင်ငွေနဲ့လစာဆုံးရူံးတာတွေဖြစ်နေချိန် အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်း အပါအဝင် ကုန်စျေးနှုန်းတွေ အားလုံး တောက်လျှောက် မြင့်တက်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၆ လ အတွင်း ယခင် ဆင်းရဲမွဲတေမှုဒဏ်နဲ့ အခု စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း ၃.၄ သန်းကျော်တဲ့ မြန်မာပြည်သူတွေဟာ အငတ်ဘေးနဲ့ ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ခန့်မှန်းထားပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းတာ နဲ့ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မူကြောင့် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဆင်းရဲမှုနှုန်းက ၂ ဆမြင့်တက်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013